Zawgyi
နောက်ရက်တွေမှာ အန်ရီဇဲအလုပ်မသွားဖြစ်ဘဲ ဆုကျန်းအနားမှာနေပြီး ပြုစုပေးနေရတယ်။ ခုတလော ဆုကျန်းလဲ အန်တထက်အန်နေတာမို့ နေလို့ထိုင်လို့မကောင်းဘူးလေ။
အိမ်သာအိုးထဲအန်လိုက်ပြီး မောမောနဲ့ပင်ပန်းနေပါတယ်။ အန်ရီဇဲ ဆုကျန်းကျောကိုပွတ်သတ်ပေးရင် ရေတိုက်လိုက်တယ်။
"ရာသီလာတော့လဲ ဒုက္ခတမျိုး၊ မလာတော့လဲ တမျိုးနဲ့.. မိန်းခလေးတွေဘဝကခက်ခဲလိုက်တာ"
အန်ရီဇဲ "....."
ရုတ်တရက် ဆုကျန်းခေါင်းထဲအတွေးတခုဝင်လာတယ်..
"ရီဇဲ ငါအကြံတခုတော့ရှိတယ်"
"ဘာအကြံလဲ"
"ငါတို့ မင်းကလေးကိုတခြားတယောက်နဲ့ကိုယ်ဝန်ဆောင်ခိုင်းရင် ဘယ်လိုလဲ"
အန်ရီဇဲမျက်နှာခက်ထန်သွားတယ်။
"နောက်မိန်းမတယောက်နဲ့ယူပြီး ကလေးမွေးလိုက်ပါလား.. ငါလဲသက်သာသွားတောပေါ့။ ပြီးတော့ သူ့ကိုလဲကောင်းကောင်းစောင့်ရှောက်ပေးမှာပါ..."
"မင်း ငါ့ကိုနောက်တစ်ယောက်လက်ထဲထည့်ချင်တာလား"
အန်ရီဇဲလေသံတင်းမာလာတော့ ဆုကျန်းတုန်လှုပ်သွားတယ်။ လက်ဝေ့ယမ်းပြလိုက်ပြီး
"နောက်.. နောက်တာပါကွ။ ငါက ဘယ်လိုလုပ်သူများကိုပေးနိုင်မှာလဲ"
အန်ရီဇဲခပ်တည်တည်နဲ့စိုက်ကြည့်နေတော့ ဆုကျန်းလဲ
"ငါ့မှာမင်းကလေးရှိနေပြီလေ.. ငါ ဘာတတ်နိုင်ဦးမှာမို့လို့လဲ"
ဆုကျန်းမတ်တတ်ထရပ်မယ်လုပ်လိုက်တော့.. အန်ရီဇဲထအော်ပါလေရော။
"ဇွတ်မထနဲ့"
ဆုကျန်းကြောင်သွားတယ်။
"ဟန်?! လန့်လိုက်တာ.. ဖြေးဖြေးအော်ပါ"
"ဆရာဝန်ပြောထားတယ်၊ ကိုယ်ဝန်ဆောင်ချိန်၃လအတွင်း အသွားအလာအနေအထိုင်ဆင်ခြင်ရတယ်တဲ့။ ရုတ်တရက် ကိုယ်လက်လှုပ်ရှားခြင်းက ကိုယ်ဝန်ပျက်ကျနိုင်တယ်တဲ့"
ပျက်ကျတတ်တယ်ဆိုတဲ့စကားကြောင့် ဆုကျန်း တုန်လှုပ်သွားသလို စိတ်လဲညစ်သွားတယ်။
YOU ARE READING
ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမ
Romance重生成为情敌妻 - Shu Hua (舒怀) (translation) intetnet မှာခေတ်စားနေတဲ့ post: မင်းနိုးလာလို့ gender ပြောင်းသွားရင် ဘာလုပ်မလဲ? ဆုကျန်း ဒီpostဖတ်ပြီး ရယ်လိုက်တယ်။ 'မဖြစ်နိုင်တာ' နောက်တော့ သူပြောင်ခဲ့မိလို့ နောင်တရလာပြီ။ WTF!!! ငါ့ဥ ငါ့ဥ!!! OH NO!!!!! Internet...