CH 49

16.1K 1.9K 40
                                    

Zawgyi

လူအုပ်ကြီး ငြိမ်သက်နေပါတယ်။ မျက်နှာတွေကလဲ တစ်ယောက်တစ်မျိုးစီ... တချို့​ကနှာခေါင်းတရူံရူံနဲ့၊ တချို့ကျတော့ ပြုံးစိစိနဲ့အားကျနေကြတယ်။

အန်ရီဇဲ စန္ဒယားတီးရင်း ဆုကျန်းကိုတစ်ချက်မော့ကြည့်ပြီး ပြုံးနေပါတယ်။ Proတစ်ယောက်ရဲ့လက်လို စန္ဒယားပေါ်မှာပြေးလွှားကနေတဲ့ အန်ရီဇဲရဲ့တီးကွက်တွေ.... သံစဉ်တေးသွားတွေလေးတွေက ရိုမန်တစ်ဆန်ဆန်နဲ့...

ဆုကျန်းကတော့ ဘာတေးသွားလဲမသိပေမယ့် နားထာင်လို့ကောင်းလို့ သူလဲငြိမ်ပြီးနားထောင်နေတယ်၊ တီးကွက်​တွေလှလွန်းလို့... အန်ရီဇဲလက်တွေပဲလိုက်ကြည့်နေမိတယ်....

အန်ရီဇဲနဲ့နေလာတဲ့တလျှောက်မှာ.... သူ သတိမထားမိတာတွေအများကြီးရှိနေတယ်၊ အန်ရီဇဲရဲ့လက်ချောင်းတွေကရှည်ပြီးသွယ်လှနေမှန်း ခုမှသိတယ်... ဘယ်လိုပြောရမလဲ sexy ကျတဲ့လက်လို့ပြောရမလား...

ဆုကျန်း လက်ကိုကြည့်ရင်း သက်ပြင်းချလိုက်ပြီး အန်ရီဇဲမျက်နှာကို​ကြည့်လိုက်တော့..... သူ

ပုံမှန်ဆို မျက်နှာကြီးတည်နေတတ်တဲ့သူ..... ခုလိုမီးရောင်အောက်မှာတော့.... တခြားလူတစ်ယောက်လိုပဲ၊ အနက်ရောင်suitကိုဝတ်ဆင်ထားတဲ့ ချောမောခန့်ညားတဲ့ယောက်ျားတစ်ယောက်.. စန္ဒယားကို proကျကျတီးခတ်နေတယ်၊ စူးရှနက်မှောင်တဲ့မျက်လုံးတစုံက စန္ဒယားပေါ်ကလက်နဲ့အတူလိုက်ကနေသလိုပဲ.... မီး​တွေကလဲ အန်ရီဇဲတစ်ယောက်ထဲကိုပဲထိုးထားသလိုလို...

ဆုကျန်းခုမှသတိထားမိတယ် 'သေချာကြည့်တော့မှ ဒီကောင့်မျက်တောင်မွှေးက ရှည်ပြီးကော့နေတာပဲ...တော်တော်လှတယ်'

အန်ရီဇဲ ခေါင်းမော့​လာတော့ သူတို့နှစ်ယောက်မျက်လုံးချင်းစုံသွားတယ်။ ဆုကျန်းရဲ့အူတူတူမျက်နှာလေးကိုမြင်တော့ အန်ရီဇဲပြုံးလိုက်တယ်....

သူ့ဘေးနားရပ်နေတဲ့ မိန်းခလေး..... ​မီးအလင်းရောင်ကြောင့် တောက်ပနေပုံက နတ်သမီးတပါးရောက်နေသလိုပဲ၊ ချစ်စရာကောင်းတဲ့မျက်လုံးဝိုင်းဝိုင်းလေးနဲ့.... နူးညံ့ပြီးပါးလွှားတဲ့နှင်းဆီရောင်နှုတ်ခမ်းလေး....၊ သူ ဘယ်လိုကြည့်ကြည့် မရိုးသွားစေတဲ့မျက်နှာလေး...

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမDonde viven las historias. Descúbrelo ahora