CH 29

15.8K 1.7K 13
                                    

Zawgyi

ရုပ်ရှင်ကားမပြီးခင်အထိ အန်ရီဇဲနဲ့ဆုကျန်း စကားမပြောကြ။ ဆုကျန်းလဲဘေးပတ်ဝန်းကျင်အာရုံမလာ... ဇာတ်လမ်းထဲမှာပဲနွံနှစ်နေပြီ။

ဇာတ်လမ်းပြီးသွားတာတောင်ဆုကျန်း ကြည့်မဝသေး၊ ဇာတ်ကားနောက်ဆုံးပိတ် ထွေလာအခန်းပြတဲ့အထိထိုင်ကြည့်နေတုန်း။ လူတွေထပြန်သွားတော့ သူတို့ဘေးခုံကအတွဲတစ်တွဲပဲကျန်တော့တယ်... ကောင်လေးနဲ့ကောင်မလေးချောချောလေးနှစ်ယောက် တစ်ယောက်လက်တစ်ယောက်တွဲပြီး ထသွားကြတယ်။ ဆုကျန်း အဲ့အတွဲကကောင်မလေးချောချောလေးကိုငေးနေမိတယ်.....။ အန်ရီဇဲ ဆုကျန်းခေါင်းကိုပုတ်လိုက်ပြီး

"ဘာကြည့်နေတာလဲ"

ဆုကျန်း အန်ရီဇဲကိုကြည့်လိုက်ပြီး ခေါင်းခါပြလိုက်တယ်။ ပြီးတော့မတ်တပ်ထရပ်လိုက်ပြီး

"ဘာမှမဟုတ်ဘူး၊ လာ သွားမယ်"

"ခဏနေဦး၊ မင်းခြေထောက်ထိမိမှာစိုးလို့ အကုန်လုံးထွက်ပြီးမှသွားမယ်"

ဆုကျန်းပြန်ထိုင်ချလိုက်တော့ သူတခုခုထိုင်ချမိလို့ အောက်ကိုစမ်းကြည့်လိုက်တော့.... နှင်းဆီပန်း။ သူတက်ထိုင်မိတော့ ပြားသွားပြီ။ ဆုကျန်း ပန်းကိုငေးရင်း... ဒီနှင်းဆီဝယ်တဲ့သမိုင်းကို စဉ်းစားလိုက်မိတယ်၊ သူ အထင်ဒီနှင်းဆီပန်းက အန်ရီဇဲတမင်တကာဝယ်ပေးတယ်ထင်တာပဲ၊ လူအများရှေ့မှာဆိုတော့ ချစ်ပြရမှာကသူတို့အလုပ်လေ။ ဒီလိုရှီးရှီနေ့မျိုးမှာ ယောက်ျားကကိုယ့်မိန်းမအတွက် ပန်းဝယ်ပေးသင့်တယ်လေ... ဒီတော့အန်ရီဇဲက သဘောတူထားတဲ့အတိုင်း ကောင်းကောင်းလုပ်ပြသလို သူလဲအလိုက်သတိလုပ်ပြသင့်တယ်လေ၊ ဆုကျန်းနှင်းဆီပန်းကိုထိုင်မိတော့ စိတ်ထဲမှာတာဝန်မကျေသလိုခံစားမိတယ်....

နှင်းဆီပန်းပြားသွားတာကို အန်ရီဇဲမြင်လိုက်ပါတယ်။ သူတို့လူရှင်းလို့ထပြန်မယ်လုပ်တော့ ဆုကျန်းက

"ဟေ့ နှင်းဆီပန်းကျန်ခဲ့ပြီ"

"လွှတ်ပစ်လိုက်တော့၊ ပြားနေပြီ"

"ဟာ... မလွှတ်ပါနဲ့ မင်းပိုက်ဆံနဲ့ဝယ်ပြီးငါ့ကိုလက်ဆောင်ပေးထားလေ.. ဘာဖြစ်ဖြစ်ပေါ့၊ ငါသိမ်းထားမယ်"

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now