Zawgyi
အကြောင်းစုံအမှန်တွေ ဆုကျဲသိသွားပြီမို့ ဆုကျန်းလဲ သူ့မိဘတွေကို မထိန်းထားတော့ပါဘူး။
ဆုကျန်းမိဘတွေသိသွားတော့... မယုံနိုင်လောက်အောင် အံသြနေကြပါတယ်။ ဒါပေမယ့် သူ့တို့သားကြီးအစစ်မှန်း သိသွားတော့... အရမ်းပျော်ရွှင်နေကြတယ်။
သူ့အမေဆိုငိုယိုပြီး ဝမ်းသာနေတယ်လေ။
"အရင်တုန်းက သားကြီးက ရည်းစားမရှိသေးလို့ ငါ့မှာတော့ လူပျိုကြီးဖြစ်တော့မယ်ထင်ထားတာ၊ ခုတော့ ငါ့သားလိုလူမျိုးကို ယူတဲ့လူတောင်ရှိသေးတာပဲ..."
ဆုကျန်း "....."
အမေ့ဘေးနားမှာထိုင်ပြီး ဆုကျန်းကိုတစိမ့်စိမ့်ကြည့်နေတဲ့ အဖေက... ဆုကျန်းဆံပင်ကို အသာလေးဖွလိုက်တယ်။
ဆုကျန်းအမေက သူ့ယောက်ျားကိုကြည့်ရင်းပြုံးစိစိနဲ့
"နင်တို့အဖေကလေ သမီးလေးအရမ်းလိုချင်နေတာ။ ရှောင်ကျဲကို မိန်းခလေးမှန်းထားခဲ့တာ.. မွေးလာတော့ သားဖြစ်နေတယ်လေ။ အမျိုးတွေက ငါ့တို့မှာသား၂ယောက်ရှိတာ ကံကောင်းလိုက်တာ၊ ဘာညာနဲ့... နင်တို့အဖေက လီအိမ်ကသမီးနှစ်ယောက်ရှိတာကို မနာလိုဖြစ်နေတယ်လေ။ တကယ်တော့ အမေလဲ သမီးလေးလိုချင်တာ.. ကိုယ်နဲ့အကြိုက်တူတဲ့သမီးလေးနဲ့ တူတူဈေးဝယ်ထွက်မယ်၊ spaသွားမယ်၊ ဆင်တူဝတ်စုံဝတ်မယ် ဘယ်လောက်ပျော်ဖို့ကောင်းလိုက်မလဲ... သမီးဆိုတာ အမေတွေရဲ့မျက်လုံးလေးတွေတဲ့"
ဆုကျန်း ငိုချင်စိတ်တောင်ပေါက်လာတယ် 'အော် လတ်စသတ်တော့ ငါကအစောကြီးကတည်းက မိန်းခလေးဖြစ်နေသင့်သူပေါ့!'
>>>>>
မိသားစုပြန်လည်ဆုံစည်းသွားကြပြီးမို့ သူ့တို့အိမ်လေးအရင်လို
ပြန်နွေးထွေးပြီးလန်းဆန်းလာပါတယ်။ ဆုကျန်းအဖြစ်အပျက်ကို မိဘတွေကမယုံကြည်ဖြစ်ကြဘူး၊ ဆန်းကြယ်တယ်လို့ပဲထင်မြင်ကြတယ်... လက်ခံပေးကြတယ်။ ဆုကျန်းတောင် သူ့ကိုယ်သူနောင်တရမိတယ်.. အစောကြီးကတည်းက သူ့မိဘတွေကိုဖွင့်ပြောလိုက်သင့်တာ။ဆုကျန်းမိဘတွေက... ဆုကျန်းကလေးရှိမှန်းသိတော့ သူတို့မြေးလေးကိုတွေ့ချင်နေကြတယ်။ ဆုကျန်းလဲ သူ့မိဘတွေကို အန်ရီဇဲနဲ့ကလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒါပေမယ့် လတ်တလောမှာ လင်မယားချင်းအဆင်မပြေဖြစ်နေကြတာမို့ မိဘတွေကိုပြောပြရခက်နေတယ်။

YOU ARE READING
ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမ
Romance重生成为情敌妻 - Shu Hua (舒怀) (translation) intetnet မှာခေတ်စားနေတဲ့ post: မင်းနိုးလာလို့ gender ပြောင်းသွားရင် ဘာလုပ်မလဲ? ဆုကျန်း ဒီpostဖတ်ပြီး ရယ်လိုက်တယ်။ 'မဖြစ်နိုင်တာ' နောက်တော့ သူပြောင်ခဲ့မိလို့ နောင်တရလာပြီ။ WTF!!! ငါ့ဥ ငါ့ဥ!!! OH NO!!!!! Internet...