Zawgyi
အန်ရီဇဲဝယ်လာတဲ့ cakeကြောင့် နှစ်ယောက်သားပြန်တည့်သွားကြတယ်။ ဆုကျန်း အန်ရီယိုကိုခေါ်ပြီး မီးဖိုချောင်မှာ cakeတူတူစားကြတယ်။
"ယောက်မလေး ကျေးဇူးနော်"
"ဘာကိုကျေးဇူးတင်တာလဲ နင့်အကိုကိုကျေးဇူးတင်ရမှာလေ"
"ဟင့်အင်း ယောက်မလေးကြောင့်သာမဟုတ်ရင် အကိုဝယ်လာတဲ့cakeတခါမှစားဖူးမှာမဟုတ်ဘူး၊ ဒါကြောင့် ယောက်မလေးကို ကျေးဇူးတင်တာ~~"
ဆုကျန်း နှာခေါင်းရှူံလိုက်ပြီး
"ရှောင်ယို နင့်အကိုကဒီcakeကိုစားချင်လို့ ငါ့ကိုတမင်ခုတုံးလုပ်ပြီးဝယ်လာတာ"
"ဟုတ်လို့လား.. အကိုငယ်ကအချိုမကြိုက်ဘူးနော်"
"ကြိုက်ပ ကြိုက်ပ၊ သူများသိမှာစိုးလို့ ခိုးပြီးစားတာ"
အန်ရီယိုကြောင်တောင်တောင်ဖြစ်သွားပြီး cakeကိုစားရင်းတွေးဝေသွားတယ်၊ ဆုကျန်းစိတ်ထဲမှာတော့ 'ဒီကောင်အန်ရီဇဲအချိုကြိုက်ပ၊ ငါ့အတွက်ဝယ်လာတယ်လဲပြောသေး ပြီးတော့ငါ့cakeကိုနှိုက်စားသေး'
Cakeစားပြီးရော အန်ရီယို ဆုကျန်းကိုခေါ်ပြီး ဇာတ်ကားတူတူထိုင်ကြည့်ကြတယ်။ ဇာတ်ကားကြည့်နေတုန်းကြော်ညာဝင်လာတယ် "XX shopping mall.... Qixi Festival With You~~~"
ဆုကျန်းကကြော်ညာကိုဂရုမစိုက် သူကြည့်နေတဲ့ဇာတ်ကားကိုလာဖျက်လို့ စိတ်ပျက်သွားတယ်။ ဒါပေမယ့် သူဘေးမှာထိုင်နေတဲ့ အန်ရီယို ရုတ်တရက်ထခုန်ပြီး
"ဟုတ်သားပဲ မေ့နေလိုက်တာ~~ နောက်နှစ်ရက်ဆို ရှီးရှီပွဲတော်ရက်နီးနေပြီ"
နှစ်တခုမှာ ဆုကျန်းအမုန်းရက်တွေက ဖေဖဝါရီ ၁၄ရက်နေ့၊ ဇူလိုင် ၇ရက်နေ့ ပြီးတော့ နိုဝင်ဘာ ၁၁ရက်နေ့တွေပဲ။ ဘာလို့လဲဆိုတော့.... သူကျောင်းတက်ခဲ့စဉ်အတော်အတွင်း အဲ့နေ့တွေမှာလည်ဖို့ရည်းစားတစ်ယောက်မှ မရှိခဲ့ဘူး၊ အဲ့နေ့သူများရည်းစားတွေတတွဲတွဲဖြစ်နေတာကို မြင်ရရင် သူမနာလိုဝန်တိုမိခဲ့တယ်လေ...
အန်ရီယို ဆုကျန်းနားကပ်ပြီး ပြုံးဖီးဖီးနဲ့နောက်လိုက်တယ်။

YOU ARE READING
ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမ
רומנטיקה重生成为情敌妻 - Shu Hua (舒怀) (translation) intetnet မှာခေတ်စားနေတဲ့ post: မင်းနိုးလာလို့ gender ပြောင်းသွားရင် ဘာလုပ်မလဲ? ဆုကျန်း ဒီpostဖတ်ပြီး ရယ်လိုက်တယ်။ 'မဖြစ်နိုင်တာ' နောက်တော့ သူပြောင်ခဲ့မိလို့ နောင်တရလာပြီ။ WTF!!! ငါ့ဥ ငါ့ဥ!!! OH NO!!!!! Internet...