CH 18

16.3K 1.8K 31
                                    

Zawgyi

ဆုကျန်းကားနောက်ခန်းမှာထိုင်ရင်း ရင်တထိတ်ထိတ်နဲ့ ဟိုရောက်ရင်ဘာဖြစ်မလဲတွေးပူနေတယ်။

သူ့ရန်သူရဲ့မိန်းမဖြစ်ရတာနဲ့တင်ကို ကံကမကောင်းဘူး၊ ခုတော့ သူခမျာ မဆီမဆိုင် ယောက္ခ္ခမနဲ့ချွေးမကြားက drama ဇာတ်လမ်းတွေခင်းရတော့မယ် 'တောက် ဒီကောင်အန်ရီဇဲကြောင့်.... ငါ့ကိုပစ်ထားခဲ့တယ်၊ ပြန်လာပြီး လာကူဦးဟ'

ဆုကျန်းစီးလာတဲ့ကား ခြံဝင်းကြီးတစ်ခုရှေ့မှာ ခဏရပ်လိုက်တယ်၊ Auto ခြံတံခါးကြီးပွင့်သွားပြီး ကားကခြံထဲဝင်သွားတယ်။ ခြံကြီးကလဲတောအုပ်ကြီးလိုပဲ၊ ဘာအိမ်မှမရှိဘူး။ မိနစ်အနည်းငယ်မောင်းလာပြီးမှ တောင်ကုန်းပေါ်မှာ ခမ်းနားကြီးကျယ်တဲ့ အိမ်ကြီးတစ်လုံးကိုမြင်လိုက်ရတယ်။ ကားကအိမ်ရဲ့ဆင်ဝင်ရှေ့နားရပ်လိုက်ပြီး အနက်ရောင်suit၀တ်စုံနဲ့လူက တံခါးလာဖွင့်ပေးတယ်။

"မမလေး ရောက်ပါပြီ"

ဆုကျန်းအတွက် သူတို့wheelchairအဆင်သင့်ပြင်ထားတော့ ဆုကျန်းထိုင်လိုက်တယ်။ ဆုကျန်းကိုအထဲခေါ်သွားတော့.... အပြင်ပန်းမှာအရမ်းခမ်းနားတဲ့အိမ်ကြီးဖြစ်သလို အတွင်းပိုင်းမှာလဲ တကယ့်နန်းတော်စံစံပြင်ဆင်ထားတယ်။ ဆုကျန်းတသက်မှာ ဒီလိုအိမ်မျိုးအပြင်မှာမမြင်ဖူးဘူး၊ ရုပ်ရှင်တွေမှာပဲတွေ့ဖူးတာ... အခုတော့တကယ်မြင်လိုက်ရတော့...သူ့ကိုယ်သူတောင် ကျုံသွားသလိုခံစားလာမိတယ်။ အန်မိသားစုရဲ့ချမ်းသာမှုကိုပြောဖို့ စကားတောင်ရှာရခက်သလိုလို...

ဧည့်ခန်းအခန်းနားရောက်တော့ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ တံခါးစောင့်တစ်ယောက်က ဆုကျန်းကိုဖွင့်ပေးလိုက်တယ်။ ပြီးတော့ သူ့ကိုဧည့်ခန်းမှာထားခဲ့ပြီး အကုန်အပြင်ထွက်သွားကြတယ်။ ဆုကျန်းလဲကြောင်တောင်တောင်လေးနဲ့ ဟိုကြည့်ဒီကြည့်တော့ ဘယ်သူမှမရှိလို့ ခပ်လန့်လန့်ဖြစ်နေတယ်။

ဘယ်သူမှလဲထွက်မလာတော့ ဆုကျန်းလဲwheelchairပေါ်မှာပဲ ဆက်ထိုင်နေလိုက်တယ်။ အတန်ကြာတဲ့အထိ.... လူရိပ်မတွေ့တော့ ဆုကျန်းပျင်းလာတယ်။ ခေါင်းတွေအကြောလျော့ပြီး ခြေဆန့်လက်ဆန့်နဲ့ wheelchairပေါ်မှာ ကားကားယားယားကြီးထိုင်နေလိုက်တယ်။ ဧည့်ခန်းထဲက TVကြီးကလဲ အိမ်ကTVထက်ပိုကြီးတယ်လေ၊ TV လိုင်းဘာတွေလာလဲ စပ်စုချင်တာနဲ့ထပြီး remote ရှာတယ်... မတွေ့တော့ သူလဲလက်လျော့ပြီး ဆိုဖာပေါ်ပစ်ထိုင်လိုက်တယ်။ ဆိုဖာအသားကပျော့အိပျော့အိနဲ့မို့လို့ ဆုကျန်း ဇိမ်တွေ့နေတယ်။ မှောက်လဲအိပ်ကြည့်ရင်း.... ဆုကျန်း တညလုံးဂိမ်းဆော့ထားတဲ့အရှိန်ကြောင့် အိပ်ပျော်သွားတော့တယ်။

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမDonde viven las historias. Descúbrelo ahora