Zawgyi
အန်ရီဇဲ ဆုကျန်းကိုတွဲချီပေးပြီး ကားပေါ်တင်လိုက်တယ်၊ ခါးပတ်ပတ်ပေးရင်း
"မင်းဘာစားချင်လဲ"
"အင်း.... စီရွှမ်းဟင်းစားချင်တယ်"
အန်ရီဇဲ ဆုကျန်းပြောတဲ့ဟင်းကိုမစားစေချင်၊ သို့ပေမယ့် ဆုကျန်းက စားချင်တယ်ဆိုတာကြောင့် မပြောတော့ဘူး။ ဆုကျန်းမျက်နှာပြုံးပျော်နေတာကို မြင်ရရင် သူ အရမ်းအလိုလိုက်ချင်မိတယ်...
အန်ရီဇဲကားမောင်းရင်း ဆရာဝန်ဆီဖုန်းဆက်လိုက်တယ်။
"ဒေါက်တာ ကျန်းကျန်းကအစပ်စားချင်တာ ရလား"
အန်ရီဇဲ ဒေါက်တာကိုလှမ်းမေးတာကို ဆုကျန်းမကြိုက်၊ သူ့ကိုလိုက်ပိတ်ပင်နေတယ်လို့ထင်တယ်။ အန်ရီဇဲကို ဘုကြည့်ကြည့်လိုက်တော့.... အန်ရီဇဲကပြောလိုက်တယ်။
"ဒေါက်တာကပြောတယ် မင်းအစပ်စားတာ နဲနဲတော့လျော့စားတဲ့"
ဆုကျန်းဂျစ်ကန်ကန်နဲ့ ရွဲ့ပြီး
"ငါ ကြက်သားချဉ်ငန်စပ်၊ အမဲသားအစပ်ကြော်၊ ငါးအစပ်ပေါင်း ပြီးတော့.... မိုရှီးဝမ်ဟင်း၊ အဲ့ဒါတွေလဲစားမယ်"
ဆုကျန်းပြောတဲ့ဟင်းတွေအကုန်လုံးက အစပ်တွေကြီးပဲ.... အန်ရီဇဲလဲပြန်မပြော၊ လွှတ်ထားလိုက်တော့တယ်၊ ဆုကျန်း စိတ်ချမ်းသာရင်ပြီးရော။ အန်ရီဇဲ ခေါင်းပဲငြိမ့်ပြလိုက်တော့တယ်။
"ဘယ်ဆိုင်မှာစားမှာလဲ"
"စီရွှမ်းဟင်းရောင်းတဲ့ဆိုင်တစ်ဆိုင် ငါသိတယ်၊ အဲ့ဆိုင်ကအရမ်းကောင်းတယ်"
အန်ရီဇဲ စားသောက်ဆိုင်တစ်ခုခေါ်သွားပါတယ်။ သူ ကားပါကင်ထိုးပြီး ဆုကျန်းကိုကားတံခါးဖွင့်ပေးလိုက်တယ်။
"ဒီဆိုင်လား?"
"အင်း ဒီဆိုင်ကအရမ်းကောင်းတော့ လာစားတဲ့လူများတယ်၊ မင်းခြေထောက်သတိထား"
အန်ရီဇဲ စားသောက်ဆိုင်က private room တခန်းယူလိုက်ပြီး ဆုကျန်းကိုခေါ်သွားလိုက်တယ်။ ဆိုင်က အန်ရီဇဲပြောသလို လူအရမ်းများတယ်၊ ထိုင်စရာနေရာကို မရှိဘူး။ ဆုကျန်းအခန်းထဲရောက်တော့ menu ကြည့်လိုက်ပြီး.... အန်ရီဇဲကိုမေးလိုက်တယ်။

أنت تقرأ
ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမ
عاطفية重生成为情敌妻 - Shu Hua (舒怀) (translation) intetnet မှာခေတ်စားနေတဲ့ post: မင်းနိုးလာလို့ gender ပြောင်းသွားရင် ဘာလုပ်မလဲ? ဆုကျန်း ဒီpostဖတ်ပြီး ရယ်လိုက်တယ်။ 'မဖြစ်နိုင်တာ' နောက်တော့ သူပြောင်ခဲ့မိလို့ နောင်တရလာပြီ။ WTF!!! ငါ့ဥ ငါ့ဥ!!! OH NO!!!!! Internet...