CH 77

18.3K 1.8K 55
                                    

Zawgyi

'သူ့ကိုကြိုက်နေတယ်?' ဒီစကားက ဆုကျန်းအတွက်... ဘဝပြောင်းစေမယ့် ဂိတ်ပေါက်တစ်ခုလိုပဲ။

'ငါက အန်ရီဇဲကိုကြိုက်နေပြီ! မဖြစ်နိုင်တာ.. လုံးဝမဖြစ်နိုင်ဘူး ဟာသပဲ အာဟားဟားဟား..ဟား..ဟာ..' ဆုကျန်းကြိတ်မှိတ်ပြီးရယ်သော်လည်း မျက်လုံးတွေကငိုနေပါတယ်။

အဲ့စကားကြောင့် သူ တနေ့ကုန် အလုပ်ထဲမှာအာရုံမလာဘူးဖြစ်နေတယ်။

"ဆရာမဆုရဲ့ရည်းစားလား? ချောလိုက်တာနော်~~"

ဆုကျန်းဖုန်းကိုင်ရင်းငိုင်နေတဲ့အချိန် အနားကိုဆရာမတယောက်ရောက်လာကြတယ်။ ဆုကျန်း... အန်ရီဇဲပုံကိုကြည့်ရင်းအတွေးလွန်နေတဲ့အချိန်မှာ ဆရာမကပုံမြင်သွားတယ်လေ။

အဲ့ဆရာမစကားကြောင့် တခြားဆရာမတွေပါစိတ်ဝင်စားပြီးလာဝိုင်းကြည့်ကြတယ်။

"WOW~~ တော်တော်ချောတာပဲ။ ဒါ ဆရာမဆုရဲ့ကောင်လေးပေါ့ ဟုတ်လား? Idolပုံကို Photoshopလုပ်ထားတာတော့ မဟုတ်ပါဘူးနော်"

"ဆရာမဆု ကျွန်မတို့နဲ့လဲ မိတ်ဆက်ပေးပါဦး"

"ဆရာမဆု သူကဘာအလုပ်လုပ်တာလဲ"

တစ်ယောက်တစ်ခွန်းဆီနဲ့ဝိုင်းမေးနေကြတာ.. ဆုကျန်းလဲ ဘာပြန်ဖြေရမလဲအခက်တွေ့နေတယ်။

"အဲ... သူက ကျွန်မရဲ့... ရည်းစား ဟုတ်ပါတယ်"

ဆရာမတွေတခစ်ခစ်နဲ့ရယ်လိုက်ပြီး

"ဆရာမဆုနဲ့သူနဲ့ တော်တော်လိုက်ဖက်တာပဲနော်~ ကောင်းကင်ကသတ်မှတ်ပေးထားတဲ့စုံတွဲလေးလိုပဲ။ ဒါနဲ့ ဘယ်တော့ မင်္ဂလာဆောင်ကြမှာလဲ? ဆောင်ရင် ငါတို့ကိုဖိတ်ဖို့မမေ့နဲ့နော်"

ဆုကျန်းကြိတ်ပြီးပြုံးပြလိုက်တယ် 'မင်္ဂလာဆောင်ဖို့နေနေသာသာ.. မကြာခင်ငါတို့ကကွာရှင်းတော့ကို..'

သူတို့ဟန်ဆောင်လက်ထပ်ထားတာ ဘာလိုလိုနဲ့နှစ်ဝက်ကျော်လာပြီ။ သူ ဒီကိုယ်ထဲရောက်ပြီး မျက်စိတမှိတ်အတွင်းမှာပဲ.. အချိန်ကုန်သွားတာမြန်လိုက်တာ။ ဒီအတောအတွင်း သူတို့ဆက်ဆံရေးကလဲ အဆင့်တိုးလာခဲ့တယ်..

ဖုန်းထဲကအန်ရီဇဲပုံကိုကြည့်ရင်း ဆုကျန်း... သက်ပြင်းချလိုက်တယ်။ အန်ရီဇဲ သူ့ကိုကြည့်တဲ့အကြည့်တွေက သာမန်ထက်ပိုတယ်ဆိုတာ ဆုကျန်းသိပါတယ်... လေးနက်တယ်၊ ပြီးတော့... ကြင်နာမှုအပြည့်နဲ့ဆိုတာ...

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမDonde viven las historias. Descúbrelo ahora