Zawgyi
အန်ရီဇဲ အခန်းထဲမှာသိပ်မကြာကြီးမနေပါဘူး၊ ပြန်သွားတယ်။ ဆုကျန်းအိပ်ရာမှာမှေးရင်း ခုနကသူတို့နှစ်ယောက်စကားပြောတာကို ပြန်တွေးနေလိုက်တယ်။ နောက်မှ ပြန်စဉ်းစားမနေတော့ဘဲ သက်ပြင်းတစ်ချက်ချပြီး စောင်ခြုံကွေးနေလိုက်တယ်တော့တယ်။
'အား....နေဦး' သူတို့လက်ထပ်ထားတာ တစ်လပဲရှိသေးတယ်။ ပူပူနွေးနွေးလေး...ပုံမှန်ညားခါစဆို သဲသဲလှုပ်ချစ်နေကြတာ.....။ အန်ရီဇဲကျတော့ မျက်နှာကတည်တည်ငြိမ်ငြိမ်နဲ့ မိန်းမတစ်ယောက်လုံး အတိတ်မေ့တာတောင် စိုးရိမ်တကြီးပူနေတဲ့ပုံလဲ မပေါက်ဘူး။ 'သူ့မိန်းမအတိတ်မေ့ပြီး သူ့ကိုသူစိမ်းလို စိမ်းစိမ်းကားကားဆက်ဆံမှာ မပူဘူးထင်တယ်'
ဘယ်လိုဖြစ်ဖြစ်ပါ၊ အခုဆုကျန်းက မိန်းမကိုယ်နဲ့ စိတ်ကယောကျာ်းဆုကျန်းဆိုတော့ အန်ရီဇဲဘာဖြစ်ဖြစ်ဂရုမစိုက်ပေါင်။ လိင်တူချင်းစိတ်ဝင်စားတဲ့အထဲမှာ ဆုကျန်းမပါပါ၊ သူ့ကိုယ်ကမိန်းမကိုယ်ဖြစ်နေလဲ ဂရုမစိုက်ဘူး......ကြိုက်ရင် မိန်းခလေးတွေပဲ သူလိုက်ကြိုက်မှာ။ တကယ်လို့သူ့မိန်းမ သူ့ကို မိန်းမတစ်ယောက်အတွက်နဲ့ကွာရှင်းခွင့်တောင်းရင် ဒီအန်ရီဇဲမျက်နှာဘယ်လိုနေမလဲမြင်ယောင်တယ်။
တခွီးခွီးရယ်ရင်း ဆုကျန်းတစ်ယောက် အိပ်ရာမှလူးလိမ့်နေတယ်။ ဒီလိုနည်းနဲ့ ဒီအန်ရီဇဲကိုကလဲ့စားချေမယ်။
>>>>>
ပထမဆုံးစသတိရရခြင်း ဆုကျန်းအရင်ထိခဲ့တာ သူ့ရဲ့ရင်သား။
ခုလဲ သူ့ရင်သားကိုမှန်ကြည့်ရင်ကိုင်နေတုန်း။ သူ ဒါကိုအိမ်မက်ပါလို့ဘယ်လိုတွေးတွေး လက်မခံနိုင်သေးဘူး။ ပြန်အိပ်လို့ ပြန်ထရင် ပျောက်သွားမှာ၊ ဥလေးလဲပြန်လာမှာ တွေးမိပေမယ့်လဲ.......ဟင်း...နံရံသာခေါင်းပြေးဆောင့်လိုက်ချင်တော့တယ်။
'F**k ခုနက ငါ သိန်းထီပေါက်တယ်လို့ အိမ်မက်မက်နေတာ....နိုးလာတော့ ပါးစပ်ထဲကသရည်တွေခေါင်းအုံးမှာ စိုရွှဲနေတာပဲ...တောက်...ဟိုအိမ်မက်ကနိုးပြီး ဒီအိမ်မက်ကျတော့ တကယ်ဖြစ်နေတယ်' ကုတင်ပေါ်စောင့်ထိုင်ချလိုက်တယ်။ ဒီအကုသိုလ်ကောင် အန်ရီဇဲရဲ့မိန်းမဖြစ်ရတယ်လို့ကွာ။

ВИ ЧИТАЄТЕ
ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမ
Романтика重生成为情敌妻 - Shu Hua (舒怀) (translation) intetnet မှာခေတ်စားနေတဲ့ post: မင်းနိုးလာလို့ gender ပြောင်းသွားရင် ဘာလုပ်မလဲ? ဆုကျန်း ဒီpostဖတ်ပြီး ရယ်လိုက်တယ်။ 'မဖြစ်နိုင်တာ' နောက်တော့ သူပြောင်ခဲ့မိလို့ နောင်တရလာပြီ။ WTF!!! ငါ့ဥ ငါ့ဥ!!! OH NO!!!!! Internet...