Zawgyi
အန်ရီဇဲ ပြန်လွှတ်ပေးလိုက်တော့ ဆုကျန်းခြေထောက်တွေအားမရှိတော့သလိုဖြစ်သွားတယ်။ အန်ရီဇဲက သူ့ကိုယ်ကိုထိန်းကိုင်ပေးထားတယ်။
ဆုကျန်း သူ့ဘေးပတ်လည်ကလူတွေကိုမကြည့်ရဲ၊ ရှက်လာတယ်။ မျက်နှာကို အန်ရီဇဲရင်ခွင်ဖက်လှည့်ထားတယ်။
အသံတိုးတိုးလေးနဲ့ သူများမကြားအောင်ပြောလိုက်တယ်။
"ဒီဟာ အကလေ့ကျင့်တုန်းကမပါဘူးလေ"
အန်ရီဇဲ ဆုကျန်းမျက်နှာကိုအသာလေးကိုင်လိုက်ပြီး ပြုံးပြလိုက်တယ်။
"ဒီဟာကလေ့ကျင့်စရာမှမလိုတာ"
ဆုကျန်း "....."
ဆုကျန်းခမျာ အန်ရီဇဲဆွဲခေါ်ရာနောက် တကောက်ကောက်ပါနေရတယ်။ ခဏနေတော့ အန်ရီဇဲကဝိုင်တစ်ခွက်ယူလိုက်ပြီး ဆုကျန်းကိုကတော့ အသီးဖျော်ရည်တစ်ခွက်ကမ်းပေးလိုက်တယ်.... 'သူကတော့ ဝိုင်သောက်ပြီး ငါ့ကျတော့အအေးတဲ့လား' ဆုကျန်း စိတ်ပျက်ပျက်နဲ့ယူလိုက်တယ်။
အဲ့အဖြစ်အပျက်ကိုကြည့်နေတဲ့ မိန်းခလေးတစ်သိုက်က
"အင်း ကြည့်ရတာ အန်ကတော်လေး ကိုယ်ဝန်ရှိနေလားမသိဘူး"
ကိုယ်ဝန်ဆိုတဲ့စကားကြောင့် အနီးအနားကဧည့်သည့်တချို့ခေါင်းလှည့်လာတယ်၊ အဲ့ထဲမှာ ဂျီရမ်လဲပါတယ်... မျက်နှာကခပ်ပျက်ပျက်နဲ့။
ဆုကျန်းလဲ သူတို့ကိုပြန်ငြင်းလိုက်တယ်။
"အဲ့လိုမဟုတ်ပါဘူး"
ပြီးတော့ အန်ရီဇဲကိုတထောင်ဆစ်နဲ့တိုက်ပြီး မျက်စိမျက်နှာပစ်ပြပြီး ဖြေရှင်းကူခိုင်းနေတယ်။
"ကျန်းကျန်းကအားနည်းနေသေးလို့ ဝိုင်မသောက်ခိုင်းတာပါ"
အန်ရီဇဲအဖြေကိုကြားတော့ ဘေးနားကလူတွေကသဘောကျနေကြတယ်၊ တော်တော်ချစ်ပြီး ဂရုစိုက်တတ်တဲ့ယောက်ျားဆိုပြီး။
"အန်သခင်လေးနဲ့သခင်မလေးတို့က အရမ်းလိုက်ဖက်တဲ့အတွဲတွေပဲနော်၊ အရမ်းလဲချစ်ကြတာပဲ"
ဆုကျန်း မရယ်ချင်ရယ်ချင်နဲ့
"အ..ဟဲဟဲ..ကျေးဇူး"

VOCÊ ESTÁ LENDO
ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမ
Romance重生成为情敌妻 - Shu Hua (舒怀) (translation) intetnet မှာခေတ်စားနေတဲ့ post: မင်းနိုးလာလို့ gender ပြောင်းသွားရင် ဘာလုပ်မလဲ? ဆုကျန်း ဒီpostဖတ်ပြီး ရယ်လိုက်တယ်။ 'မဖြစ်နိုင်တာ' နောက်တော့ သူပြောင်ခဲ့မိလို့ နောင်တရလာပြီ။ WTF!!! ငါ့ဥ ငါ့ဥ!!! OH NO!!!!! Internet...