Zawgyi
အိမ်ပြန်ရောက်တော့အန်ရီဇဲက ကားပေါ်ကဝက်ဝံရုပ်ကြီးနဲ့ဝက်ရုပ်ကြီးကိုကိုင်၊ ဆုကျန်းကပန်းစည်းတွေကိုင်ပြီး အခန်းထဲဝင်သွားကြတယ်။
ဆုကျန်း သူ့အဖြစ်သူတွေးမိရယ်ချင်မိသား... အရင်ဘဝတုန်းဆို မိန်းခလေးတွေကိုပန်းလိုက်ပေးခဲ့တာ၊ ခုတော့ တစ်ရက်ထဲနဲ့သူက ပန်းစည်း၂စည်းတောင်းပြန်ရတယ်။
အန်ရီဇဲ ဝက်ဝံရုပ်ကိုဆိုဖာပေါ်တင်ပြီး ဝက်ရုပ်ကိုအိပ်ရာဘေးနားချလိုက်တယ်။
ဆုကျန်းအိပ်ရာပေါ်တက်လဲပြီးဖုန်းပွတ်နေလိုက်တယ်။ ခုတလောဖတ်နေတဲ့ novel ကကောင်းခန်းရောက်နေပြီလေ... မင်းသားက မကောင်းဆိုးဝါးတွေကိုချပြီး မင်းသမီးသွားကယ်တဲ့အခန်း၊ အဲ့မှာ သူတို့တွေချစ်သွားကြီး အချစ်ပလူတာတွေလာတော့မှာလေ...
အန်ရီဇဲ ဆုကျန်းကိုမျက်မှောင်ကုပ်ပြီးကြည့်လိုက်တယ်။
"ရေချိုးပြီး နားတော့လေ"
ကောင်းခန်းဆို လာဖျက်ပြီ။ ဆုကျန်း စကားနားမထောင်ပေါင်... သူ့ဟာသူဆက်ဖက်နေလိုက်တယ်။ ၁နာရီလောက်မလှုပ်ဘဲဖတ်နေတော့.. ပြန်ထတော့ ကိုယ်ကညောင်းပြီးကျဉ်နေပြီလေ။ အန်ရီဇဲ ဆုကျန်းအဖြစ်ကိုမြင်တော့
"မင်း ငါပြောတာနားထောင်သင့်တယ်"
ဆုကျန်း ဖုန်းချလိုက်ပြီး ရေချိုးခန်းထဲဝင်သွားလိုက်တယ်။
အန်ရီဇဲ စာကြည့်စားပွဲမှာထိုင်ပြီး အင်္ဂလိပ်စာအုပ်၁အုပ်ထိုင်ဖတ်နေလိုက်တယ်။ သူ့မျက်ခုံးမွေးသူပွတ်ရင်း... သူပေးလိုက်တဲ့ပန်းစည်းနဲ့အရုပ်ကို ဆုကျန်းကြိုက်လားမကြိုက်လား... တွေးလိုက်မိတယ်။
ဘေးနားကဖုန်းသံထမြည်တော့မှ သူ့အတွေးရပ်သွားတယ်။
ဆုကျန်းဖုန်းကmsgဝင်လာတာ။ သူများဖုန်းဆို စပ်စုတတ်တဲ့သူမဟုတ်ပေမယ့်... ညဖက်ကြီးmsgဝင်လာဆိုတော့... စိတ်ထဲတစ်မျိုးကြီးဖြစ်သွားတယ်၊ ဒါကြောင့် သူ ဆုကျန်းဖုန်းကိုကိုင်ပြီး msgကိုဖတ်ကြည့်လိုက်တော့.....
"ကျွန်တော်ပေးတဲ့ပန်းစည်းကိုသဘောကျလား? ကျွန်တော့အတွက်တော့ ခင်ဗျားလေးက အလှဆုံးနှင်းဆီပန်းပါပဲ... ခင်ဗျားရဲ့မျက်လုံးထဲမှာကျွန်တော်က ကျောင်းသားတစ်ယောက်ဆိုပေမယ့်... ကျွန်တော့အတွက်တော့ခင်ဗျားက ဆရာတစ်ယောက်ထက်ကိုပိုပါတယ်... ပျော်ရွှင်စရာ ဆရာများနေ့ပါနော်"

VOCÊ ESTÁ LENDO
ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမ
Romance重生成为情敌妻 - Shu Hua (舒怀) (translation) intetnet မှာခေတ်စားနေတဲ့ post: မင်းနိုးလာလို့ gender ပြောင်းသွားရင် ဘာလုပ်မလဲ? ဆုကျန်း ဒီpostဖတ်ပြီး ရယ်လိုက်တယ်။ 'မဖြစ်နိုင်တာ' နောက်တော့ သူပြောင်ခဲ့မိလို့ နောင်တရလာပြီ။ WTF!!! ငါ့ဥ ငါ့ဥ!!! OH NO!!!!! Internet...