Zawgyi
ပါတီတစ်ခုမှာ.. ဂုဏ်သရေရှိလူကြီးမင်းတွေ၊ အမျိုးသမီးတွေ... ပွဲတက်ဝတ်စုံအလန်းစားတွေဝတ်ဆင်ထားပြီး ဝိုင်ခွက်ကိုယ်စီနဲ့ တစ်ယောက်နဲ့တစ်ယောက် စကားပြောနေကြပါတယ်။
ဂျီရမ်ကတော့ တောက်ပတဲ့အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားလိုက်တာ... ကောင်းကင်ကကြယ်လေးတွေလို အရောင်တဖြက်ဖြက်လက်နေတဲ့အတိုင်းပဲ။ မင်းသမီးဆိုသလို လူကြားထဲမှာထင်ပေါ်နေပါတယ်၊ လီမင်ရိရဲ့လက်ကိုချွတ်ထားပြီး မျက်နှာပေါ်မှာ ပန်းလေးလိုဖူးပွင့်နေတဲ့အပြုံးလေးဆင်ထားတယ်... ကျက်သရေရှိတဲ့မျက်နှာပုံစံမျိုး။
ဟောခန်းအလယ်မှာ လီမင်ရိနဲ့ဂျီရမ် လူကြီးတွေနဲ့စကားလိုက်ပြောနေပါတယ်။ သူ့ရဲ့အလှ သူ့ရဲ့ဟန်ပန်.. မကြွေတဲ့ယောက်ျားမရှိသလောက်ပဲ... မိန်းခလေးတွေကအစ ငေးယူရတယ်။
ဂျီရမ် လူတစ်ယောက်မြင်တော့ လီမင်ရိကိုထားခဲ့ပြီး သူ့ဆီသွားလိုက်တယ်။ အနီးနားရောက်တော့.. ပြုံးပြလိုက်ပြီး
"ဖေးဖေး"
လီမိသားစုရဲ့တဦးတည်းသောသမီး လီဖေးဖေး။ ဂျီရမ်ကိုမြင်တော့ မျက်နှာမဲ့ပြလိုက်ပြီး
"အကိုလေးက ငယ်ရွယ်တဲ့မိန်းခလေးတွေကိုပဲ စိတ်ဝင်စားတတ်တာ။ ကိုယ့်အသက်ကိုမှအားမနာဘဲ မိတ်ကပ်ထူထူနဲ့ဖုံးကွယ်ထားလိုက်တာ... နင့်လိုအသက်၃၀ကျော်မျိုးကို အကိုလေးကကြိုက်မယ်ထင်နေလား!"
ဂျီရမ်စိတ်မဆိုးပြပါဘူး.. အပြုံးလေးနဲ့ပဲပြန်ဖြေပေးလိုက်ပါတယ်။
"ဖေးဖေး နင် ငါကိုသဘောမကျဘူးဆိုတာသိပါတယ်။ ဒါပေမယ့် နောင်တချိန်ကျရင်ငါတို့က မိသားစုဝင်တွေဖြစ်တော့မှာ.. ဒါကြောင့်တစ်ယောက်နဲ့တစ်ယောက်ခင်ခင်မင်မင် နေကြတာပေါ့"
"မိသားစု? နင် ငါ့တို့မိသားစုဝင်ဖြစ်လာမယ်လို့ ဘယ်သူပြောတာလဲ"
လီဖေးဖေး လူအများရှေ့ဖြစ်နေလဲ ဂရုမစိုက်၊ ဒဲ့ပြောလိုက်တယ်။
"နင့်ကိုနင် လီမိသားစုဝင်နဲ့လက်ထပ်ဖြစ်မယ်များ မှတ်နေလား?!! နင်ကဘာအဆင့်ရှိလို့လဲ?!! ဂျီမိသားစုရဲ့ မယားပါသမီးကမျာ! ရှင်းယကမှ ဂျီမိသားစုဝင်အစစ်!!"
YOU ARE READING
ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမ
Romance重生成为情敌妻 - Shu Hua (舒怀) (translation) intetnet မှာခေတ်စားနေတဲ့ post: မင်းနိုးလာလို့ gender ပြောင်းသွားရင် ဘာလုပ်မလဲ? ဆုကျန်း ဒီpostဖတ်ပြီး ရယ်လိုက်တယ်။ 'မဖြစ်နိုင်တာ' နောက်တော့ သူပြောင်ခဲ့မိလို့ နောင်တရလာပြီ။ WTF!!! ငါ့ဥ ငါ့ဥ!!! OH NO!!!!! Internet...