Zawgyi
လုချမ်ဟဲ ဘယ်သူလဲဆိုတာ ဆုကျန်းကဘယ်လိုလို့သိမှာလဲ။ သူလဲ အတိတ်မေ့သလိုဟန်ဆောင်နေလိုက်ပြီး
"ဆောရီးပါ ငါမမှတ်မိတော့ဘူး။ မင်းကငါ့သူငယ်ချင်းလား"
"သူငယ်ချင်းတဲ့လား"
လုချမ်ဟဲ ရယ်ချင်သလိုဖြစ်သွားတယ်၊ ပြီးမှ ဝမ်းနည်းတဲ့မျက်နှာလေးနဲ့
"ငါတို့က...."
လုချမ်ဟဲစကားမဆုံးခင် ဆုကျန်းလောလောနဲ့ကြားဖြတ်လိုက်ပြီး
"ဆောရီးပါ ငါက အိမ်အမြန်ပြန်မှရတော့မယ်၊ နောက်မှတွေ့ကျမယ်။ ဘိုင်ဘိုင်"
Taxi လာတော့ ဆုကျန်းကားတားလိုက်တယ်၊ အမြန်ကားထဲဝင်သွားပြီး လုချမ်ဟဲကိုလှည့်တောင်မကြည့်တော့ဘူး။ လုချမ်ဟဲ ဆုကျန်းစီးသွားတဲ့ကားကိုငေးရင်း.. ကျန်နေခဲ့တယ်။
>>>>>
ဆုကျန်း အိမ်ပြန်ရောက်ပါပြီ။ သူ ခုနကတွေ့ခဲ့တဲ့လူကို ရင်းနှီးသလိုခံစားနေရတယ်၊ ဘယ်မှာတွေ့ဖူးသလဲ သူမမှတ်မိဘူး။
အခန်းထဲကကွန်ပျူတာဖွင့်လိုက်တော့မှ ရုတ်တရပ်တခုခုကိုသတိရသွားတယ်။ ဟုတ်တယ်... သူဒီလူကိုမြင်ဖူးတယ်။
မိန်းခလေးဆုကျန်းရဲ့ photo ဖိုင်ထဲမှာ "him" ဆိုတဲ့ဖိုင်ထဲဝင်ကြည့်လိုက်တယ်။ ဓာတ်ပုံထဲမှာ မိန်းခလေးဆုကျန်းနဲ့ယောက်ျားလေးတစ်ယောက်တွဲရိုက်ထားတယ်။
'Holy Sh#t!!! ဒါ ဒါ မိန်းခလေးဆုကျန်းရဲ့ရည်းစားပဲ' ဆုကျန်းလန့်သွားတယ်။
သူ အစတုန်းကတွေးခဲ့ဖူးပါတယ်၊ မိန်းခလေးဆုကျန်းရဲ့ရည်းစားကဘယ်ရော်နေတာလဲ၊ ပြန်လာရှာမှာလား၊ အန်ရီဇဲနဲ့လက်ထပ်တာကိုသိလား မသိဘူးလား။ ဒါပေမယ့် ကြာလာတော့ သူလဲအဲ့အကြောင်း မေ့တောင်နေပြီ.. ဆုကျန်းရည်းစားရှိတယ်ဆိုတာကို။ ကံဆိုတာလဲဆန်းပါ့ တော်တော်ကြာမှ မိန်းခလေးဆုကျန်းရဲ့ရည်းစားဟောင်းကထွက်လာတော့တယ်...
ဓာတ်ပုံတွေ တစ်ပုံတစ်ပုံကြည့်ရင်း မိုးမိလာတော့ နှာကချေလာတယ်။ တစ်ရူးဗူးယူပြီး နှာခေါင်းတရူံရူံနဲ့ ကြည့်နေတုန်း... ရုတ်တရပ်နောက်ကနေ အသံမာမာတခုထွက်လာတယ်။

YOU ARE READING
ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမ
Romance重生成为情敌妻 - Shu Hua (舒怀) (translation) intetnet မှာခေတ်စားနေတဲ့ post: မင်းနိုးလာလို့ gender ပြောင်းသွားရင် ဘာလုပ်မလဲ? ဆုကျန်း ဒီpostဖတ်ပြီး ရယ်လိုက်တယ်။ 'မဖြစ်နိုင်တာ' နောက်တော့ သူပြောင်ခဲ့မိလို့ နောင်တရလာပြီ။ WTF!!! ငါ့ဥ ငါ့ဥ!!! OH NO!!!!! Internet...