Zawgyi
ဆုကျန်းထထိုင်ပြီး ကုတင်အောက်ကျသွားတဲ့အန်ရီဇဲကြည့်လိုက်တယ်၊ ဟိုကမလှုပ်တော့ သူလန့်သွားတာပေါ့။ 'ပြသာနာပဲ... ငါကန်လိုက်တာလွန်သွားလားမသိဘူး'
ဆုကျန်းရင်တထိတ်ထိတ်ဖြစ်သွားတယ်။ ဒါပေမယ့်လဲ သူ့ကိုကိုယ်ထိလက်ရောက်ကျူးလွန်တာဆိုတော့ ဘာပဲဖြစ်ဖြစ်ဒီလောက်ကတော့ခံရမှာပဲလေ။ ဆုကျန်း ကုတင်ပေါ်ကနေဆင်းပြီး
"ရီဇဲ ဟေ့.. ဟေ့ အိုကေလား"
အန်ရီဇဲ မျက်လုံးဖွင့်လာပြီး ခေါင်းကိုကိုင်ရင်း ကုတင်ပေါ်ပြန်တက်လိုက်တယ်၊ ပြီးတော့ ဘာမှမပြောဘဲဆုကျန်းကိုကျောပေးပြီး ဆက်အိပ်နေလိုက်တော့တယ်။
ဆုကျန်းလဲကြောင်တောင်တောင်ဖြစ်သွားတာပေါ၊ ဘာလဲဟဆိုပြီး....။ သူလဲကုတင်ပေါ်ပြန်တက်လိုက်တယ်။ ပြီးတော့ အန်ရီဇဲကျောကိုတို့ကြည့်လိုက်တယ်... ဘာမှမတုံပြန်လာ၊ ဒါနဲ့သူလဲ
"ငါ.. ငါကြောင့်ခုနက မင်းလန့်သွားတယ်ဆိုရင်တော့ဆောရီးပါ၊ ဒါပေမယ့် ငါကတမင်လုပ်တာမဟုတ်ပါဘူး"
ဟိုကငြိမ်နေဆဲပဲ။
ဆုကျန်းထပ်ပြီးလက်နဲ့တို့လိုက်တယ်။ ဘာမှပြန်မပြောတော့ ဆုကျန်းလဲ ဆူပုတ်ပုတ်နဲ့
"ပြီးတော့ယ.. မင်းလဲမှားတယ်လေ၊ ငါကို..ဟို... ဒီ... လုပ်တယ်လေ။ မင်းလန့်တယ်ဆိုရင်တောင် ဒါမျိုးနဲ့တော့ကလဲ့စားမချေသင့်ဘူး"
အန်ရီဇဲ သက်ပြင်းချလိုက်ပြီး ဆုကျန်းကိုလှည့်ကြည့်လိုက်တယ်။
"ငါ ကလဲ့စားချေတာမဟုတ်ဘူး"
ဆုကျန်း ဘာကြောင့်လဲတော့မသိ၊ အန်ရီဇဲစိတ်မဆိုးဘူးဆိုတာသိရတော့ ပျော်သွားတယ်.. ဒါပေမယ့်သူပျော်တာကိုတော့ မျက်နှာမှာမထုတ်ပြဘဲတင်းထားလိုက်တယ်။
"မင်းကလဲ၊ ငါမေးရင်ပြန်ပြောလေ"
အန်ရီဇဲ ကျောပြန်ပေးပြီးပြန်အိပ်နေလိုက်တယ်။ ဆုကျန်း ရှက်ရှက်နဲ့မေးကြည့်လိုက်ပါတယ်...
"ဟို.. နာ.. နာသွားလား"
"မင်းဘယ်လိုထင်လဲ"
"ဟုတ်ဘူးလေ... မင်းကရုတ်တရပ်ကြီး ဟိုဟာ..ဆိုတော့... လန့်သွားလို့ပါ၊ ဒါနဲ့ကလဲ့စားချေတာမဟုတ်ဘူးဆိုတာသေချာတယ်နော်"

YOU ARE READING
ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမ
Romance重生成为情敌妻 - Shu Hua (舒怀) (translation) intetnet မှာခေတ်စားနေတဲ့ post: မင်းနိုးလာလို့ gender ပြောင်းသွားရင် ဘာလုပ်မလဲ? ဆုကျန်း ဒီpostဖတ်ပြီး ရယ်လိုက်တယ်။ 'မဖြစ်နိုင်တာ' နောက်တော့ သူပြောင်ခဲ့မိလို့ နောင်တရလာပြီ။ WTF!!! ငါ့ဥ ငါ့ဥ!!! OH NO!!!!! Internet...