Zawgyi
သွေးတိုက်ပွဲပြီးတဲ့နောက်ပိုင်းမှာတော့ ဆုကျန်းတက်တက်ကြွကြွနဲ့စာပြန်သင်နိုင်ပါပြီ။
ဆုကျန်းက သူ့ကျောင်းသားတွေကိုတပတ်တခါ essay ရေးပြီး ထပ်ခိုင်းတယ်၊ ကျောင်းသားတွေရေးထားတာကိုဖတ်ကြည့်မှ သူတို့လေးတွေရဲ့စိတ်နေစိတ်ထားလေးတွေ သိရမှာပေါ့။ မိန်းခလေးဆုကျန်းက ဘယ်လိုသင်ပေးလဲဆိုတာ သူသေချာမသိသေးဘူးလေ၊ ဒါကြောင့်ကျောင်းသားတွေဆီကနေလေ့လာမှ ဘယ်လိုဘယ်ပုံသင်ရင် ကျောင်းသားအဆင်ပြေမလဲဆိုတာ သိလာမှာလေ။
ဆုကျန်း ကျောင်းသားတွေရေးထားတဲ့essayတွေဖတ်ကြည့်ရင်း သဘောတွေကျနေတယ်၊ သူတို့လေးတွေက ၁၇ ၁၈ လေးတွေသာဆိုတာ တကယ့်တကယ်က ကလေးတွေလိုပဲ။
ကျောင်းသားတစ်ယောက်ရေးထားတာဆိုရင် "အသက်၁၇နှစ်ဆိုပေမယ့် ငါဟာအဖိုးကြီးတစ်ယောက်ဖြစ်နေပြီ"
ဆုကျန်း "....."
ရုတ်တရပ် ဆုကျန်းအတွေးပေါ်လာတာနဲ့ ဖုန်းကိုထုတ်ပြီး အန်ရီဇဲဆီကို msg ပို့လိုက်တယ်.. haha emotion နဲ့။
"ဦးလေးအန် ဒီနေ့ ငါessayတွေစစ်နေတာ.. မင်းနဲ့ကိုက်တဲ့တစ်ခုတွေ့ထားတယ်"
ဆုကျန်း ဓာတ်ပုံရိုက်ပြီးပို့ပေးလိုက်တယ်၊ msg လဲပို့ပြီးရော အားရကျေနပ်နေတယ်။ ဘော်ပင်ပြန်ကိုင်ပြီး စာပြန်စစ်နေလိုက်တယ်။
နောက်ကျောင်းသားရေးထားတာက-
"သင်္ချာဆိုတာ မှော်ဆန်တယ်။ သင်္ချာဆိုတာ လျှို့ဝှက်ဆန်းကြယ်တယ်။ ဒါကြောင့် သင်္ချာသင်တဲ့ဆရာတွေက.... မှော်ဆရာတွေ...."
နောက်တစ်ယောက်ရေးထားတာက-
"ကန်တင်းကအစားအသောက်များက တဖြည်းဖြည်းနဲ့ဆုတ်ယုတ်လာပါတယ်။ သို့သော် လမုန့်ကြော်ကတော့ ခုထိအရသာအရှိဆုံးပါ"
နောက်တစ်ယောက်-
"အဖေနဲ့အမေ ရန်ဖြစ်စကားများကြတယ်။ အမေကစိတ်ဆိုးပြီး ကျွန်တော်နဲ့အဖေ့ကို ခွေးကောင်တွေလို့ဆဲဆိုလိုက်တယ်။ အင်း... လူဖြစ်ရတာမလွယ်ပါလား"
နောက်တစ်ယောက်ကတော့.. လင်းစီ။ လင်းစီရေးထားတာကို ဖတ်ကြည့်တော့... အချစ်အကြောင်း။ သူက မိန်းခလေးတစ်ယောက်ကိုကြိုက်နေတယ်၊ အဲ့မိန်းခလေးက ကြင်နာတတ်ပြီး ချစ်စရာကောင်းတယ်တဲ့။ သူ့အတွက် အဲ့မိန်းခလေးက နတ်သမီးတစ်ပါးလေးတဲ့။ သူ အဲ့မိန်းခလေးနဲ့နီးစပ်ချင်တယ်... အိမ်မက်ထဲမှာလဲ အမြဲမြင်မက်နေမိတယ်။ သို့သော် အဲ့မိန်းခလေးမှာ ချစ်သူရှိနေပြီးသားတဲ့၊ ဒါကြောင့် သူ အသည်းကွဲနေကြောင်း ရေးထားတာ။
VOCÊ ESTÁ LENDO
ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမ
Romance重生成为情敌妻 - Shu Hua (舒怀) (translation) intetnet မှာခေတ်စားနေတဲ့ post: မင်းနိုးလာလို့ gender ပြောင်းသွားရင် ဘာလုပ်မလဲ? ဆုကျန်း ဒီpostဖတ်ပြီး ရယ်လိုက်တယ်။ 'မဖြစ်နိုင်တာ' နောက်တော့ သူပြောင်ခဲ့မိလို့ နောင်တရလာပြီ။ WTF!!! ငါ့ဥ ငါ့ဥ!!! OH NO!!!!! Internet...