CH 46

17.1K 1.9K 61
                                    

Zawgyi

အန်ရီဇဲ ခဏတာတော့ဆွံအသွားတယ်။

"မင်း ဒီအတွက်နဲ့မအိပ်ဘဲစောင့်နေတာလား"

"မဟုတ်ပါဘူး"

ဆုကျန်းအကြံက အန်ရီဇဲအသက်၃ဝဖြစ်လာလို့ လူကြီးဖြစ်နေပြီ၊ အသက်ကအိုစာနေပြီ ဘာညာနဲ့ဖဲ့မလို့ အကြံနဲ့ပေါ့....၊ ဒါပေမယ့် ဘာကြောင့်မှန်းမသိ သူ ဒီအချိန်ကိုစောင့်ရတာ စိတ်ထဲမှာ ရင်တွေခုန်နေတယ်၊ ပျော်သလိုလိုတော့ခံစားနေရတယ်။ အကြံတိုင်း နောက်မယ်လို့လုပ်ထားပေမယ့်..... စိတ်ထဲမှာတော့ အန်ရီဇဲကို happy birthday လို့ပထမဆုံးအကြိမ်စပြောရတဲ့သူ ဖြစ်ချင်နေတယ်.....

အန်ရီဇဲ ဆုကျန်းကိုစိုက်ကြည့်ရင်း ဘာမှပြန်မပြောဘဲ သူ့ကိုယ်အောက်ထဲဆွဲသွင်းလိုက်တယ်။

"ဟေ့... မင်း ဒါဘာလုပ်တာ-....အွန်း"

အန်ရီဇဲ အကြာကြီးမနမ်းပါဘူး၊ ခဏပဲ... ပြန်လွှတ်ပေးလိုက်တယ်။

ဆုကျန်း ပြန်တွန်းဖို့လုပ်ပေမယ့် အန်ရီဇဲကိုယ်ကို မ မနိုင်။

"မင်းကိုလဲ ငါ လက်ဆောင်ပြန်ပေးတာ"

ဆုကျန်းဒေါသတကြီးနဲ့ မျက်နှာကြီးရဲတက်လာတယ်။

"ငါက ဒေါ်လာသန်း၅၀ပဲလက်ဆောင်အဖြစ်လိုချင်တာ"

ဆုကျန်းဒေါသထွက်လဲ အန်ရီဇဲစိတ်မဆိုး၊ သူ....... ဆုကျန်းကို အကြင်နာအကြည့်နဲ့ကြည့်ရင်း

"ကျန်းကျန်း.... ကျေးဇူးပါပဲ"

အပြောတွေ အကြည့်တွေကတစ်မျိုးကြီးဖြစ်နေတာမို့ ဘာရယ်မှန်းမသိ ဆုကျန်းရှက်သလိုလိုဖြစ်လာတယ်။ ဒါပေမယ့် အတင်းတွန်းဖယ်ရင်း

"ဖယ်စမ်း မင်းကိုယ်ကြီးနဲ့ဖိထားမနေနဲ့၊ လေးတယ်"

အန်ရီဇဲ တစ်ချက်ပြုံးပြလိုက်ပြီး ဖယ်ပေးလိုက်တယ်။

ဖယ်လဲဖယ်ပြီးရော ဆုကျန်းအိပ်ရာရဲ့အစွန်းဖက်နားကပ်ပြီး အန်ရီဇဲနဲ့ခပ်ခွာခွာနေလိုက်တယ်။
အန်ရီဇဲ ဘာမှမတုံ့ပြန်၊ ဟိုဖက်စောင်းပြီးလှည့်အိပ်နေတာမို့ ဆုကျန်းစိတ်အေးသွားတယ်.... စိတ်ထဲကနေတော့ 'ဒီ...ဒီကောင်ကို ငါ.. မကြောက်ပေါင်၊ သူလိုအခြောက်က လာလာနမ်းနေလို့ ရှောင်တာပါ...'

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမDonde viven las historias. Descúbrelo ahora