Zawgyi
ဆုကျန်းတစ်ယောက် ကျီမင်ဖိန်ကိုစိုက်ကြည့်နေတာကို အန်ရီဇဲမြင်သွားတယ်၊ ဘာရယ်မသိ သူ့စိတ်တွေ အလိုလိုနေရင်းဒေါသထွက်လာတယ်။
ဆုကျန်းကအသိသာကြီး စိုက်ကြည့်နေတော့ ကျီမင်ဖိန်လဲမနေတတ်။
"ဟဲ...ဟဲ...ယောက်မလေး... ဟို... ခြေထောက်ကောင်းသွားပြီလား? ယောက်မလေးကိုယ်ကိုကိုယ်ဂရုစိုက်နော် ရီဇဲကတစ်ချိန်လုံးလိုက်စိတ်ပူနေတာ"
ကျီမင်ဖိန်ကိုစကားကိုကြားရတော့ ဆုကျန်းတကယ်ခံစားရတယ် 'အော်... သူချစ်တဲ့ရီဇဲရှေ့မှာ ငါ့ကိုဂရုစိုက်ဟန် အလေးထားဟန်ပြနေတာ.... အင်း ဒီတစ်ယောက် အန်ရီဇဲပေါ်ထားတဲ့အချစ်က တယ်လဲကြီးတာကိုး'
"ကောင်းသွားပြီ၊ အခုလိုမေးတဲ့အတွက်ကျေးဇူးပါနော်"
ဆုကျန်း အန်ရီဇဲကိုကြည့်လိုက် ကျီမင်ဖိန်ကိုကြည့်လိုက်နဲ့ သက်ပြင်းတွေချနေတယ်။
"မင်းတို့နှစ်ယောက်က တော်တော်ရင်းနှီးတာပဲနော်"
ကျီမင်ဖိန်ရယ်လိုက်တယ်။
"ဟုတ်တယ် သူနဲ့ကျွန်တော်နဲ့ကသိလာတာကြာပြီလေ၊ ကျွန်တော်တို့တွေက ညီအစ်ကိုအရင်းလိုခင်ကြတာ"
ကျီမင်ဖိန် အန်ရီဇဲကိုတစ်ချက်ကြည့်လိုက်ပြီး နောက်လိုက်တယ်။
"အင်း... သူကအိမ်ထောင်ကျသွားတော့ ကျွန်တော်တစ်ယောက်ထဲအထီးကျန်ခဲ့ပြီပေါ့"
"ဒါနဲ့ မင်းမှာချစ်ရတဲ့သူရှိလား"
ကျီမင်ဖိန် ပြုံးဖီးဖီးနဲ့ အန်ရီဇဲကိုကြည့်လိုက်ပြီး ပခုံးတွန့်လိုက်တယ်။
"ကျွန်တော်က သူလောက်popularမဖြစ်တော့ တွဲစရာလူမရှိသေးပါဘူး"
ဆုကျန်း ကျီမင်ဖိန်ရဲ့အပြုံးကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေတယ်... ကျီမင်ဖိန် အန်ရီဇဲကို သံယောဇဉ်ကြီးလို့ ခုထိဘယ်သူနဲ့မှမတွဲနိုင်သေးဘူးလို့ ထင်နေတယ်။ သူနှစ်ယောက်ကိုကြည့်ရတာလဲ drama တစ်ပုဒ်ကြည့်နေရသလိုပဲ။
ဆုကျန်း ကျီမင်ဖိန်ကိုပြောချင်နေတယ်... 'သူနဲ့ငါနဲ့က တကယ့်လင်မယားမဟုတ်ဘူး၊ မင်း သူ့ကိုချစ်ရင် ဖွင့်ပြောလိုက်ပါတော့ ငါ... မခံစားနိုင်တော့ဘူး' ဆုကျန်းအကြံတစ်ခုပေါ်လာတယ်၊ ဒီလိုနေ့မျိုးမှာ ကျီမင်ဖိန်နဲ့ အန်ရီဇဲကိုတူတူအချိန်ကုန်ပေးစေချင်တယ်။ ဒါကြောင့် သူ...
YOU ARE READING
ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမ
Romance重生成为情敌妻 - Shu Hua (舒怀) (translation) intetnet မှာခေတ်စားနေတဲ့ post: မင်းနိုးလာလို့ gender ပြောင်းသွားရင် ဘာလုပ်မလဲ? ဆုကျန်း ဒီpostဖတ်ပြီး ရယ်လိုက်တယ်။ 'မဖြစ်နိုင်တာ' နောက်တော့ သူပြောင်ခဲ့မိလို့ နောင်တရလာပြီ။ WTF!!! ငါ့ဥ ငါ့ဥ!!! OH NO!!!!! Internet...