Zawgyi
အေးချမ်းသာယာသောမြို့လေးတစ်မြို့မှ တရိပ်ရိပ်ထွက်ခွာလာသော ကားလေးတစ်စီး..။ ထိုကားလေးပေါ်မှာတော့ လင်မယားနှစ်ယောက်နှင့် (၉) နှစ်အရွယ် ကောင်လေးတစ်ယောက်က အပူအပင်ကင်းစွာ....။ လင်မယားနှစ်ယောက်က စကားတပြောပြောဖြင့် ရယ်မောနေကြသော်လည်း ကားနောက်ခန်းက ကောင်လေးကတော့ ပတ်ဝန်းကျင်ကိုသာ အသာငေးကြည့်ရင်း နူတ်ဆိတ်နေသည်။
"မေကြီးရေ မင့်သားက မန္တလေးကို မပြောင်းချင်ဘူးထင်တယ် ၊ ကြည့်ပါဦးကွာ သုန်မှုန်နေတာပဲ....ဟား....ဟား......."
အဖေဖြစ်သူက စစနောက်နောက်ဖြင့် ပြောသော်လည်း ကောင်ငယ်လေးက ရယ်ဖို့သတိမရ....တိတ်ဆိတ်မြဲပင်....။
"ဟုတ်လား သား..၊ 'သော်လေး' ကလဲကွယ် မေမေတို့လဲ အလုပ်ကိစ္စနဲ့မလို့ မဖြစ်မနေ ပြောင်းရတာလေ ၊ အပြီးပြောင်းတာမှ မဟုတ်ပဲ ပြန်လာမှာပေါ့....၊ ဒီမှာ အိမ်နဲ့ခြံနဲ့လဲ ကျန်ခဲ့တယ်လေ အချိန်မရွေး ပြန်လာလို့ရတယ် မဟုတ်ဘူးလား အကို "
" ဒါပေါ့...ဒီကြားထဲမှာ သားအလည်လာချင်ရင်လဲ ဖေဖေနဲ့မေမေ ကလိုက်ပို့ဦးမှာလေ..."
အဖေရော အမေရော ဝိုင်းချော့နေသော်လည်း ကောင်လေး ဆီက တုံ့ပြန်စကားမကြားရ...။ ပတ်ဝန်းကျင်ကိုပဲ ငေးမြဲငေးနေသည်...၊ စီးပွားရေးလုပ်ငန်းများစွာကို ဦးစီးနေတဲ့ ဖဖေနဲ့ ခွဲစိတ်ပါရဂူဖြစ်တဲ့ မေမေက ဘယ်တော့မှမအားလပ်ကြ...။
နောက်တစ်ခေါက် ဒီမြို့လေးကို ရောက်နိုင်ဖို့ဆိုတာ မလွယ်တော့ချေ...။ အလည်အပတ်အနေနဲ့ ရောက်ရန်ပင် မဖြစ်နိုင်တော့ချေ...။ သူအရမ်းသဘောကျတဲ့ ဒီမြို့လေး..၊ သူ့အိမ်မက်တွေ မြှုပ်နှံထားတဲ့ ဒီမြို့လေးရဲ့ လေနုအေးအေးလေးတွေ အငွေ့အသက်တွေကို တစ်ဝကြီး ခံစားနေမိသည်...။
" 'သော်လေး' က အဲ့လိုစကားမပြောပဲနေရင်တော့ မန္တလေးက သားအဒေါ်တွေက စိတ်မကောင်းဖြစ်နေမှာပေါ့..."
" ဟုတ်ပါ့ မမလှတို့ မမမြတို့က မေမေတို့ပြောင်းလာမယ် ဆိုပြီး အရမ်းပျော်နေကြတာ...၊ သူတို့ခမျာ 'သော်လေး' ကို အရမ်းချစ်ကြတာကို...."
![](https://img.wattpad.com/cover/207147278-288-k167776.jpg)
YOU ARE READING
တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)
RomanceZawgyi မြတ်နိုးခြင်းတွေနဲ့ ပုံဖော်ထားတဲ့ လေတံခွန်လေးက ငါ.... မျှော်လင့်ချက်အပိုင်းအစတွေနဲ့ မင်းရဲ့ ရစ်ဘီးကြိုးလေး ချည်နှောင်လို့ ငါ့ကိုထိန်းချုပ်ပါ.... မျက်ဝန်းပြာတွေ အရောင်လဲ့နေသ၍ လေဘယ်လောက်ထန်ထန် ငါဟာ အလှဆုံး ပျံဝဲနေမှာ....💫 Unicode မြတ်နိုးခြင်း...