"လာကြနော် လာကြ အမျိုးသမီးဝတ်လေးတွေ စုံနေတာပဲနော် ကြိုက်တာယူ ၂၀၀၀ ၂၀၀၀ "
တစ်ပတ်ဆိုတဲ့အချိန်ကို ကုန်လွန်ပြီးနောက်မှာ အားလုံးနဲ့လည်း ပိုပြီးရင်းနှီးလာသလို၊ ဘ၀ကြီးကလည်း ပိုလို့စိုပြေလာသည်။
ဒီလိုမျိုးပါးစပ်ကနေ အော်ကာ၊ဟစ်ကာ ရောင်းတတ်ဖို့ကို အကိုဆူဟိုက ၂ရက်လောက် လက်ချာရိုက်ကာသေချာ သင်ပေးသည်။
ဈေးကလည်း မနက်ပိုင်း၁၁နာရီလောက်ထိပဲ ရောင်းရတာဆိုတော့သိပ်လည်း မပင်ပန်းတာမို့ အကိုဆူဟိုနဲ့လိုက်ကာ ဈေးသည်လုပ်နေခြင်း။
ခပ်သေးသေး ဆိုင်ပေါက်ဝလေးကနေ အရှေ့ကို ပိုလို့ထွက်လိုက်ကာ အသံကိုပိုမြှင့်ပြီး အော်လိုက်သည်။
"လက်နှေးရင် ခွက်ဆေးသွားရမယ်နော်။ အလှတရားတွေပေါ်လွင်ဖို့ အင်္ကျီလေးတွေ လာရွေးနော် မြန်မြန် လာ လာ တစ်ထည် ၂၀၀၀ တစ်ထည်၂၀၀၀"
"ဟယ် ဗိုက်ဗိုက်"
"ဟာ အမကြီး"
ဈေးလိုက်ခဲ့တဲ့ တစ်ပတ်အတွင်း မျက်မှန်းတန်းမိတဲ့ ဖောက်သည်တွေကလည်း မနည်းလှ။ အကိုဆူဟိုက သေချာမှတ်ခိုင်းထားလို့ သတိထားမှတ်ရသေးသည်။ ဖောက်သည်တွေက သူတို့ကို တန်းမှတ်မိရင် ပိုကြိုက်ကြတယ်ဆိုသလားဗျ။
"ပိုချစ်ဖို့ကောင်းနေတယ်နော် ဗိုက်ဗိုက်က ဒီတီရှပ်အပွလေးနဲ့"
"ဒီလိုချစ်ဖို့ကောင်းဖို့ဆိုရင်တော့ ကျွန်တော့်မှာ ရောင်စုံရှိတယ်နော် မနှောင့်မနှေးပဲ ဝယ်လိုက်ကြရအောင်"
တစ်ဖက်က ၀ယ်သူကိုရောင်းနေသောအကိုဆူဟိုက ကြားဖြတ်ကြော်ငြာဝင်လိုက်တော့
"အမလေး ဆူဟိုတို့များ တော်တော်တတ် ကဲပါ ပြပါဦး "
"ဟုတ်အမကြီး ဒီမှာနော် အရောင်စုံရသဗျာ "
"ဗိုက်ဗိုက် ၀တ်တဲ့အရောင်ပေး"
"အလို အမကြီးက ကျွန်တော့်လိုချစ်ဖို့ကောင်းမယ် ထင်နေလို့လား"
"ဘာ ဗိုက်ဗိုက်နော်"
"ခိခ်ခ်ခ် စတာပါ အမကြီးက ချစ်ဖို့မကောင်းဘူးလေ၊ ဒီလောက်ချောမောနေတဲ့ဟာကို"
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ