"နေကောင်းတယ်လို့ဆို ကိုကိုကလည်း""......."
"အင်းပါ ကိုကိုသာ ဂရုစိုက်ဦး။ မနေ့ကနှာစေးနေတာဆို"
"........."
"ဟုတ်ကဲ့ အကိုချန်းယောလ်တို့လည်းအဆင်ပြေတယ်။ ဒီနေ့ကျွန်တော်က သက်သေသွားထွက်ပေးရမှာမို့လို့သာ အိမ်စောင့်နေခဲ့တာ။ အကိုမင်ဆော့တို့ကဆိုင်ပိတ်တာနဲ့ အကိုဘတ်ဟျွန်းဆေးရုံ ဆင်းတာသွားကြို ကြတယ်"
"........"
"အွမ်း ဟိုလူကြီးလည်း အမှုရင်ဆိုင်နေရပြီ။ မနေ့က ကောင်မလေးလည်းသတိရလာပြီ၊ သိလား ၀မ်းသာလိုက်တာကို ကျွန်တော်ဖြင့်"
"........"
"အွမ်း ဒါဆိုအလုပ်သွားတော့လေ ဒါပဲနော်"
"Taoလား"
"အကိုဆူဟိုက"
မနက်စာ တစ်ယောက်တည်းထိုင်စားနေရင်း ကိုကိုနဲ့ဖုန်းပြောကာ ဖုန်းချလိုက်တဲ့အချိန်ပဲ အကိုဆူဟိုကရောက်လာသည်။
"ဘာလဲ"
"အော် အကိုဆူဟိုလည်း ဆေးရုံလိုက်သွားတာ မဟုတ်ဘူးလားလို့"
"သွားတယ်လေ။ ဒီမှာခြင်း၂ခြင်းနဲ့အရင်ပြန်ခဲ့တာ။ ဘတ်ဟျွန်းတို့က ဟိုကောင်မလေးဆီ သတင်းသွားမေးနေကြတယ်။ ငါကသွားစရာလေးရှိလို့"
ဘယ် ညာ ဆွဲထားတဲ့ အကိုဘတ်ဟျွန်း ပစ္စည်းတွေထည့်ထားတဲ့ခြင်း၂ခြင်းကို မြှောက်ပြကာပြောလာသည်။
"ဘယ်သွားမလို့လဲ အကိုဆူဟိုက၊ ဈေးလည်း နားတယ်မို့လား"
"အွမ်း ဟိုလေ ရီရှင်းဆီသွားမလို့"
"ချိန်းထားလို့လား"
"ဟက် မင်းကတော့ နောက်ပြီ။ ချိန်းတယ်ဆိုတာထက် ချောင်းတယ်ဆိုတာပိုမှန်တယ်"
"ဗျာ"
"အဲ့ သောက်အသဲနှလုံးမရှိတဲ့ကောင်ကို သွားချောင်းမလို့ဟေ့။ ဒီမှာရှက်လာပြီ၊ မေးမနေနဲ့တော့ သွားပြီ"
ဘာမှတောင် ရေလည်အောင်မမေးလိုက်ရ လက်ထဲက ခြင်း၂ခြင်းကွပ်ပျစ်ပေါ်ဆောင့်ချကာ အကိုဆူဟို ကတော့ ထွက်သွားပြန်ပြီ။
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ