"ဟော ဖေဖေပြန်လာပြီ မီးမီးရေ ဟေ့ဟေ့ ဟား"
"ဟေး သမီးရေ လာပါဦး ဖေဖေ့ဆီ "
"အဲ့ အင့်"
အကိုဆူဟို့ပေါ်ဝယ် နို့ဘူးတစ်ဘူးနဲ့ဇိမ်ကျနေသည့်သမီးကို ဘတ်ဟျွန်းပြောင်းချီလိုက်တော့ တအင့်အင့်တအဲအဲနဲ့ စိတ်ကောက်ဟန်လက်သီကျစ်ကျစ်ဆုပ်ပြီး မထုတတ် ထုတတ်ဖြင့်လာထုနေပြန်သည်။
"ဂယောင်ဆူးနဲ့အတူပြန်လာတာလား။ အော်ဧည့်သည်ရောပါလာတာပဲလာလေ အထဲခေါ်ခဲ့"
"ဟုတ်အကိုဆူဟို လာ ကိုကို ဆိုင်ထဲဝင်"
"လာလာ Tao ထိုင် ဒါကအကို့အမျိုးသားဆိုင်လေ။ ဟောဟိုမှာကြော်လှော်နေတာက အကို့အမျိုးသားချန်းယောလ်တဲ့။ ဒါကအကိုဆူဟို။ အကိုဆူဟိုစောင့်ပေးနေတာက အကိုချန်းတို့နဲ့ စုဖွင့်ထားတာ အဲ အကိုချန်းတို့၂ယောက်ရော"
"မသိပါဘူးကွာ။ ချန်းအရင်ကလုပ်တဲ့ဆိုင်က ကောင်မလေး၁ယောက်ပြောစရာရှိတယ်ဆိုတာနဲ့ လင်လင်၂ကောင်လုံးအိမ်မှာ သွားပြန်ပြောနေကြတယ်"
"ဟုတ်လား အရေးကြီးကိစ္စများလား"
"မသိဘူးအဲ့လိုတော့ နေပါဦး ဒီကTaoလား မင်းကဘယ်လိုသိတာလဲ ဂယောင်ဆူးဧည့်သည်နဲ့"
အကိုဆူဟိုက ဆိုင်ထဲမှာဝိုင်းထိုင်ရင်းTaoကိုညွှန်ပြကာမေးလိုက်တော့
"ဆေးရုံမှာတွေ့တာနဲ့ခင်သွားတာ ဂယောင်ဆူး ရည်းစားလေ သူက"
"ဟာ ဂယောင်ဆူးက ကောင်လေးရှိတာလား"
"ဟုတ် ဟုတ်အကိုဆူဟို"
"တွေ့လားတွေ့လား ဒါကြောင့်အကိုဘတ်ဟျွန်းတို့ကို ကျွန်တော်မှာထားရတာ ဂယောင်ဆူးတို့ကမသိရင် တစ်ကိုယ်တည်းသမားလိုနဲ့စိတ်ကိုမချရဘူး"
"ကိုကိုကလည်း နဖူးမှာ စာကပ်ထားရမှာလားလို့"
"ဟုတ်တယ်ကွ ဒါပေမဲ့မပူပါနဲ့ မင်းကောင်လေးတော့ မျက်နှာက တော်တန်ရုံမပြုံးနဲ့ဘယ်သူမှ သိပ်မရောရဲကြဘူးရယ်"
"ဟား ဟား"
အကိုချန်းယောလ်က ကော်ပြန့်ကြော်ပန်းကန်ကို စားပွဲပေါ်လာချပေးရင်းပြောလ်ိုက်တော့အားလုံးပွဲကျသွားရတော့သည်။
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ