"အမဲနှပ်ကြော်လေးနော် ဒီဝိုင်းကို"
"ဟုတ်ကဲ့ဗျ"
"ဟိုရှေ့က ငါးပေါင်မုန့်လေးရော ၀ယ်ပြီး ယူစားလို့ရလား"
"ဟုတ် ရပါတယ် ရတယ် "
"မြန်မြန်လေး လုပ်ပေးပါနော်အမဲနှပ်ကြော်လေး"
"ဟုတ်ကဲ့ ခဏပါ။ အကိုရေ~~ မရသေးဘူးလား"
"ခဏလေး ညီရေ ရတော့မယ်"
ကလေးကို ရင်ဘတ်မှာပိုးထားကာ မှာထားတာတွေကို လိုက်ချပေးနေသောဘတ်ဟျွန်းရယ် မီးဖိုရှေ့ ချွေးသံတရွှဲရွှဲနဲ့ ကြော်လှော် ချက်ပြုတ်နေတဲ့ ချန်းယောလ်တို့အတွဲဟာ တကယ့်ကို လိုက်ဖက်ညီနေသည်။
"ညီ ရပြီ"
"လာပြီ လာပြီ အကို"
"ရလား နိုင်ရဲ့လား"
"ဟုတ် အ့"
အမဲနှပ်ကြော် ပန်းကန်ရယ် အချဉ်ပန်းကန်တွေရယ် တင်ထားတဲ့ဗန်းကို မပြီးအယူ လက်ကမြတ်ကနဲ ဖြစ်သွားတာမို့
"ဟာ လက်ကောက်ဝတ်က နာနေပြန်ပြီမို့လား။ သွားသွား~~ ဟ်ိုမှာသွားပြီးထိုင်နေ။ အကိုချန်းရေ အကိုမင်ဆော့ကို ခဏကူခိုင်းဦးမယ်နော်။ အကိုဆူဟိုလည်း ပြန်မလာသေးလို့ အကိုချန်းဘက်ကနိုင်ရင်"
"ရတယ် ရတယ် ချန်းယောလ်ရေ~~ ငါက စားပွဲတွေလိုက်ချစရာမလိုတော့ မုန့်လုပ်ရင်းရောင်းလို့ရတယ်။ သွားကူပေးဦးနော် အကိုမင်ဆော့"
"အေးပါ ငါလာပြီ ချန်းယောလ်ရေ~~ ပြော ဘာသွားချပေးရမှာ"
"ဒီမှာ အကို ဒီဗန်းလေး၂ဝိုင်းမြောက်ကိုသွားချ ဟေ့~~~ ပတ်ဘတ်ဟျွန်း ထိုင်နေဆိုတာကို ဘယ်ထသွားပြန်ပြီလဲ"
ငြိမ်ငြိမ်ထိုင်နေခိုင်းတာကို အကိုချန်းနား ကပ်သွားနေတာမို့ မအားတဲ့ကြားကနေ လှမ်းအော်လိုက်ရသေးသည်။ တကယ့်အဆိုးလေး။
"အကိုကလည်း ပျင်းလို့ပါ။ စကားလေးဖြစ်ဖြစ် ပြောမလို့ဟာ"
"လာ လာ ပျင်းရင် ကိုယ့်နားလာထိုင်ပြီး စကားလာပြောနေ လာ~~"
"ချန်းယောလ်ကတော့ဟေ့ တရားပါ့။ ငါ့အသဲကျ သူခေါ်ထားပြီး သူ့လူကျလည်းဟွန့်"
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ