"ကျန်းမာရေး ဂရုစိုက်နော်"
"အွမ်းပါ လွမ်းနေတော့မှာဘဲ"
Taoက ပိုလို့ပင်တိုးကာ ဖက်နေတာက သူတို့၂ယောက်ကြားလေပင် ဝင်တိုးလို့ ရလောက်မယ်မထင်။
"မင်းတို့ကလည်း လူတွေနဲ့ကို"
အနားကနေ ပွစိပွစိပြောနေသူကြောင့်
"လူတွေနဲ့လည်း ဘာဖြစ်လဲအကိုကြီးရဲ့ ဒီမှာ အနည်းဆုံး ၅လ ၆လလောက်ခွဲရမယ့်ဟာ"
"ဟ ရှက်စရာကြီး"
"ရှက်မနေဘူး ကိုယ့်ကောင်လေးကိုဖက်တာ မွ"
ဘေးနားကနေ ရှုံ့တလှည့် မဲ့တလှည့်လုပ်ပြနေတဲ့ရီရှင်းကို Taoက ရင်ခွင်ထဲမှာဘဲရှိနေသေးတဲ့ ဂယောင်ဆူးလေးကို မေးဖျားကနေမော့ကာနှုတ်ခမ်းလေးပင်နမ်းလိုက်သေးသည်။
"ဟာ"
"ကဲပါ အကိုကြီး အရမ်းရှက်နေရင်ဒီမှာခဏထိုင်နေခဲ့နော် ကျွန်တော်တို့ဟိုဘက် ခုံတန်းသွားထိုင်လိုက်မယ်"
"မြန်မြန်တော့ အလွမ်းသယ်ကြနော် လေယာဉ်ချိန်နီးနေပြီ"
"ဟုတ်"
မခွဲနိုင်မခွာရက် ဖက်လျက်ပင်ပြေးကာ ဟိုဘက် ခုံတန်းသွားထိုင်နေတဲ့၂ယောက်ကို ရီရှင်းတကယ် အံ့သြမိသည်။ ဘယ်လိုပဲပြောပြော အခုလိုလူကြားထဲထိကြီးတောင် ၂ယောက်သား Taoကလည်း အတင်းပူးကပ်ကာ ဖက်ထားသလို ဂယောင်ဆူးကလည်း မသိရင် Taoကိုယ်ထဲ ကျွံဝင်တော့မဲ့အတိုင်း ပူးကပ်ကာ မီထိုင်နေသည်။ ဟူး....ကိုယ့်ညီမို့ မဟုတ်ဘူး ဒီကောင်တွေတော်တော်ယွ။
********************
အပြန်လမ်းတလျှောက်လုံး ဂယောင်ဆူးက မျက်ရည်ဝဲတဲဝဲတဲလေးနဲ့ လိုက်ပါလာတော့ ရီရှင်းကပဲ စကားစရတော့သည်။
"စိတ်မကောင်း ဖြစ်နေတာလား"
"အင်း ၀မ်းနည်းတယ် အချိန်ခဏပဲအတူနေရသေးတာကို"
"မင်းတို့ကလည်း ကဲပါတယ်"
"ဟ အကိုရီရှင်း ဒါ ကဲတာမဟုတ်ပါဘူးနော် နှလုံးသားနဲ့ခံစားနေရတာဗျ ဟင့် ကိုကိုနဲ့ အတူတွေ့ရတဲ့ ၁လက ဘယ်အရာနဲ့မှ လဲနိုင်မှာမဟုတ်ဘူး ဟော အခုသူပြန်သွားရပြန်ပြီ ကျွန်တော်လေ စချစ်ခဲ့တဲ့သူက ကျွန်တော်မဟုတ်ပေမဲ့ Taoကိုအရမ်းချစ်တယ်"
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ