"အင့် ချန်း"
"ဘာကြီးလဲ အကိုဆူဟို"
တစ်လပြည့်လို့ ကိုယ်ကိုတိုင် မွှေးခဲ့တဲ့မီးနဲ့ ပြန်သွားပြီးတွေ့ဆုံရဦးမှာမို့ အကိုမင်ဆော့နဲ့ အတူသွားဖို့ပြင်နေတုန်း အခန်းထဲဝင်လာပြီး လက်ထဲ အိတ်အမဲနဲ့ ထည့်ထားတဲ့ တစ်ခုခုကိုလာပေးတာမို့ လှမ်းယူလိုက်ပြီး ဖွင့်ကြည့်လိုက်တော့။
"ဒါ ဒါက"
"တို့ညီအကိုတွေ အားလုံးပေါင်းပြီး တတ်နိုင်သလောက်လေးပေါ့ မင်းတို့အခု အဲ့ကောင်မလေးဆီသွားမလို့မို့လား"
"ဟုတ်အကို ကျွန်တော်တို့ ဒီလပေးရမဲ့ငွေလည်းပြည့်ပါတယ်ဗျာ ကျွန်တော်တို့အတွက် အပင်ပန်းမခံကြပါနဲ့ အားနာလွန်းလို့ပါ"
ချန်းက မျက်နှာလေးငယ်ကာ ဘာမှဝင်မပြောပေမဲ့ မင်ဆော့ကတော့ အိတ်ကိုပြန်ထိုးပေးကာ ပြောလာတာမို့
"တော်တော့ မင်ဆော့ ငါတို့ မေတ္တာ၊စေတနာကို လက်ခံရမယ်။ ချန်းကော မင်ဆော့ကော ဘယ်လောက်ပင်ပန်းနေကြမှန်း ငါတို့မသိဘူး ထင်နေတာလား"
"ဒါပေမဲ့ အကိုဆူဟိုရယ် ဒါက အကိုတို့ချွေးနဲစာ လေ ကျွန်တော်လုပ်ခဲ့တဲ့ အမှားတစ်ခုအတွက် သုံးဖို့မထိုက်တန်ပါဘူး"
ဆူဟို ချန်းရဲ့ပုခုံးကိုဆွဲဖက်လိုက်ကာ
"တို့တွေက ညီအကိုတွေဆိုတာ မေ့သွားပြီလား သွေးသားရင်းထက် ပြေးကြည့်မှ ဒီလူတွေပဲ ရှိတာလေကွာ"
"......."
"အင့် ဘာမှမတွေးကြနဲ့ ကြားလား သူ့ပေးဖို့တစ်လစာ ပြည့်တယ်ဆိုလဲ ဒါကိုသိမ်းထား နောက်ပိုင်းကလေးမွေးရင်လည်း ပေးရဦးမဲ့ဟာကို နော်"
"ဟုတ်အကိုဆူဟို ကျေးဇူးပါ အားလုံးကိုကျေးဇူးတင်ပါတယ်လို့"
"အေးပါ ချန်း နောက်ခါ မင်းလည်း အလုပ်လေးလျှော့လုပ်ပါကွ ပိန်နေပြီ ကြည့်ဦး ဖြူဖက်ဖြူလျော်နဲ့ နောက်လတွေလည်း ငါတို့က တတ်နိုင်သလောက် ကူစုပေးမှာမို့အရမ်းကြီးစိတ်တင်း မထားကြနဲ့နော်"
"ဟုတ်ကဲ့ပါအကို တကယ်ကျွန်တော့်မှာ ပါးစပ်၁၀ပေါက် ပါရင်တောင်ပြောစရာ စကားမရှိပါဘူးဗျာ"
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ