"တွေ့ရတာဝမ်းသာပါတယ်ဗျ။ ကျွန်တော်က အထက်တန်းရှေ့နေ ကျန်းရီရှင်းပါ"
မနက်စောစော မနက်စာစားအပြီး Taoအကိုဝမ်းကွဲဆိုသူကို သွားကြိုလာသည်မို့ တစ်ယောက်ချင်းစီ မိတ်ဆက်လိုက်တော့ ခင်မင်တတ်ပုံပေါ်တဲ့ထိုလူကလည်း ပြန်မိတ်ဆက်လာသည်။
"တွေ့ရတာ တကယ်ဝမ်းသာပါတယ်။ ကျွန်တော်တို့ကို ကူညီပေးပါဦး"
"ဟုတ်ကဲ့ပါဆူဟို။ ကျွန်တော်အကောင်းဆုံးဆောင်ရွက်ပေးပါ့မယ်။ ကိစ္စအားလုံးကိုလည်း Taoဆီကကြားခဲ့ရပြီးပါပြီ"
အားလုံးမျက်နှာမှာ စိတ်သက်သာသွားသလိုဖြစ်နေသော်လည်း မင်ဆော့ကတော့ အသက်မရှိတဲ့သူတစ်ယောက်လို ငြိမ်ကုပ်နေသည်။ တစ်မနက်လုံး ချန်းက ဘေးကနေအရိပ်တကြည့်ကြည့်နဲ့ပြုလုပ်ပေးသမျှကိုငြင်းလည်းမငြင်း အသိအမှတ်လည်းမပြု။
"အားလုံးပဲ တောင်းဆိုစရာရှိတယ်"
တစ်မနက်လုံး အေးစက်စက်နိုင်ခဲ့သူက ပထမဆုံးပြောလာသည်မို့ အားလုံးနားစိုက်ထောင်လိုက်ကြသည်။
"အဲ့မိန်းကလေးလာရင် ကျွန်တော်ကပဲ ပြောပါရစေ၊ဒီကိစ္စကိုရှင်းပါရစေ ဘာမှဝင်မပြောကြပါနဲ့"
"အင်းပါ မင်ဆော့ရယ် ငါတို့အနားမှာတော့ရှိနေပေးမယ်နော်"
"အကိုမင်ဆော့ပဲဆုံးဖြတ်ပါ၊ ပြောပါ"
"ကျေးဇူးပါ"
မင်ဆော့က ထိုတစ်ခွန်းပဲပြောကာပြန်ငြိမ်သွားပြန်သည်။
"ဟော ဟိုမှာ ဟိုတစ်ယောက်မို့လား လာနေပြီ "
"အွမ်းဟုတ်တယ်။ လာ မီယာ ဒီမှာထိုင်"
"ဟုတ်အကိုချန်း"
ခြံဝိုင်းထဲဝင်လာတဲ့ ကောင်မလေးကိုသိတဲ့ ချန်းကပဲခရီးဦးကြို ပြုကာ နေရာချပေးလိုက်ရသည်။
"အခုကျွန်တော် ပြောတာတွေကို ရှေ့နေကြီးကပဲ စကားလွန်သော်ရှိ မလွန်သော်ရှိ ကျွန်တော့်ဆန္ဒတွေကိုပဲပြောမှာမို့အတည်မှတ်ပေးစေချင်ပါတယ်"
"ရပါတယ် မင်ဆော့ပြောပါ။ ကျွန်တော် သေချာနားထောင်နေပါတယ်"
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ