"ချန်းရေ ဟင်းချိုရရင်ယူခဲ့တော့"
"ဟုတ် အကိုဆူဟို"
"ဟာ ပြန်လာကြပြီဟေ့။ ကွက်တိပဲအားလုံးပြင်ပြီးပြီ ညစာအတွက် လာ လာ "
ကွပ်ပျစ်ပေါ်စားပွဲဝိုင်းခင်းကာ ဟင်းပန်းကန်တွေ အစီအရီချနေသော အကိုဆူဟိုက ခြံပေါက်ဝက ၀င်လာသော ချန်းယောလ်နဲ့ဘတ်ဟျွန်းကိုလှမ်းခေါ်လိုက်သည်။
"အကိုဆူဟို ဘာလို့ညစာလဲ ထူးထူးခြားခြား အိုမားလာလို့လား"
"မလာပါဘူးကွာ တို့ဆယ်ဟွန်းလေးနေကောင်းလာလို့ဂုဏ်ပြုပွဲလုပ်တာပါကွ"
"ဟွန့်"
အကိုဆူဟို့စကားအဆုံး ဟင်းပန်းကန် သယ်လာပေးတဲ့ ဂျုံအင်ကမျက်နှာကြီး မဲ့ကာရွဲ့ကာဖြင့်လုပ်နေတော့
"ဂျုံအင်နော် အချိုးတွေပြင် မင်းကြောင့် ကလေးမှာ ဘယ်နှရက်တောင်လဲ ဆန်ပြုတ်တောင်ကောင်းကောင်းမစားနိုင်တာ "
"အကိုချန်းကလည်း သူ့ကြောင့် သူသာဘာမှမပြောလိုက်ရင် သူလည်းဘာမှမဖြစ်ဘူး"
ဒေါက်
"မင်းမသိဘူးလားဒါတောင် ဟမ် ဆယ်ဟွန်းကနေမကောင်းရင် အဲ့လိုလျှောက်ပြောတတ်တာကို"
အကိုဆူဟိုက လက်ထဲအသင့်ရှိတဲ့ဇွန်းနဲ့ခေါင်းကို ခေါက်ကာပြောလိုက်တာမို့ ဂျုံအင်ခေါင်းလေးကိုပွတ်ပြီး
"ဟာဗျာ ဒါတော့ ဒါပေါ့ ခုဟာကတမင်ကို"
"တမင်တွေဘာတွေလုပ်မနေနဲ့ ဂျုံအင်ရယ် မင်းကောင်မလေးကို မင်းအဲ့လောက်တမ်းတမ်းစွဲဖြစ်နေတာလဲမဟုတ်ဘဲနဲ့ "
"ဟာ အကိုချန်းယောလ်ကလည်း"
"ဟုတ်ပ ဂျုံအင်ရယ် ဆယ်ဟွန်းလေးသနားပါတယ်။ အကြာကြီးနေမကောင်းဖြစ်နေတာ"
"ဟုတ်ပါပြီ ဟုတ်ပါပြီ တော်ကြပါတော့အကိုတို့ရယ် အားလုံးကျွန်တော်မှားတာ ဟုတ်ပြီလား"
"သိ ပြီးတာပဲ သွား ဆယ်ဟွန်းလေးကိုသွားခေါ်ချည် "
"ဟာ အကိုဆူဟိုကလည်း"
"သွားလေ မသွားရင်တော့အိုမားကိုလှမ်းတိုင်မှာနော်"
"သွားပြီ သွားပြီ မတိုင်နဲ့ ရပြီလား"
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ