"ဝေါ့ အွတ်"
"ရလား ညီ အစာမကြေချင် ဖြစ်နေပြန်ပြီလား"
ကိုကြီးဆီသွားဖို့ ခြံတံခါးပိတ်နေတုန်း အန်ချင်ချင် ဖြစ်လာတာမို့ ပါးစပ်ကိုအမြန်လက်နဲ့အုပ်ကာ မအန်ချင်အောင် ဖြေလိုက်ရသည်။
အကိုက စိုးရိမ်တကြီးမေးလာသလို အားလုံးကလည်း စိုးရိမ်မျက်ဝန်းတွေနဲ့ကြည့်လာတာမို့
"ဟီး ရတယ် ဘာမှ မဖြစ်ဘူးရယ် မနေ့ကအစားများသွားလို့ထင်တယ်"
"တကယ်လား"
"အင်းလို့"
"အေးပါကွာ သွားကြစို့လေ တော်နေ နေပူလာလိမ့်မယ်"
"ဟုတ်"
သယ်စရာရှိတာတွေ သယ်ကာ သီချင်းလေး တညည်းညည်းနဲ့ ကျန်တဲ့ လူတွေက ရှေ့ကသွားနေကြသော်လည်း ၁နှစ်ကျော်တဲ့အချိန်မှ ပြန်တွေ့ရတယ် ဆိုတဲ့အတွေးနဲ့ သမီးကိုသာချီရင်း တိတ်တဆိတ်နေမိသည်။
**********************
"ကိုကြီး ကျွန်တော် ဒီအချိန်မှ လာတွေ့နိုင်လို့ တောင်းပန်ပါတယ်"
အားလုံးက ရေစပ်မှာ စားစရာတွေနဲ့ ဆိုဂျူးပုလင်းတွေကို ဝိုင်းပြင်ပေးနေသလို ကိုကြီးကို တိုင်တည်ပြောနေတဲ့ကျွန်တော့်နား အကိုချန်းယောလ်က ပုခုံးလေးကိုဖက်ကာ ရှိနေပေးသည်။
"ပြီးတော့ ကျွန်တော် နောက်အိမ်ထောင်ပြုလိုက်တယ် သူက ချန်းယောလ်တဲ့ အရမ်းကောင်းတဲ့သူပါ ကိုကြီးလိုပဲ နွေးထွေးတတ်ပြီး ချစ်ပေးတယ် သမီးကိုလည်းတုန်နေအောင်ချစ်တာ"
အသံလေး တုန်ကာပြောနေတဲ့ ဘတ်ဟျွန်းကို ချန်းယောလ်ပိုတိုးလို့ ဖက်လိုက်ကာ
" ချန်းယောလ်ပါ အကို အမြဲချစ်ပြီး ကြင်နာပေးသွားမှာမို့ အားနာပေမဲ့လည်း ကျွန်တော် ဘတ်ဟျွန်းကို အကို့ထက် မလျော့တဲ့အချစ်တွေနဲ့ ချစ်တာပါ သမီးကိုလည်း ကျွန်တော့်ဘ၀နဲ့ရင်းပြီး အကောင်းဆုံးပျိုးထောင်ပေးပါ့မယ်လို့ ကတိပေးပါတယ်"
"ဟင့် ကိုကြီး ဒါကိုကြီးသမီးလေး ချစ်ဖို့မကောင်းဘူးလား သမီး ဖေဖေ့ကို နှုတ်ဆက်လိုက်ဦး"
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ