"လုပ်ပါသူဌေးကလည်း လူလည်းလိုနေတာကို"
"ဆယ်ဟွန်းရေ လူလိုတာတော့ လိုတာပေါ့ မပေါ့မပါးကြီးနဲ့ကျ"ဆိုင်ထဲက သူဌေးကို ဆယ်ဟွန်းကခဏ စကားသွားပြောလိုက်မယ်ဆိုပြီး ၀င်သွာလို့ အလုပ်ရ မရ မသေချာသေးတာနဲ့ပဲ ဆိုင်ပြင်က စောင့်ကာ အခြေအနေကြည့်နေရသည်။ ဆယ်ဟွန်းကတော့ စိတ်မပူနဲ့လို့ ပြောသွားတာပဲ။ ဒါပေမဲ့လည်းပေါ့လေ ကျွန်တော်ဆိုလည်း ကျွန်တော့်လိုလူကိုအချိန်ပိုင်းအတွက် ခေါ်ဖို့ရာခက်မှာပဲ။
"သူဌေးကလည်း အက်ိုဘတ်ဟျွန်းက အလုပ်ကြိုးစားပါတယ်ဗျ နော် သူဌေးက စိတ်ထားကောင်းရဲ့နဲ့ လုပ်ပါ အကိုဘတ်ဟျွန်းလည်း ငွေလိုနေလို့ပါ"
သာမန်ဆို ကိုယ်ခေါ်လာတဲ့ ဘယ်သူမဆို လက်ခံနိုင်ပေမဲ့ အခုအကိုဘတ်ဟျွန်းကျ မပေါ့မပါးနဲ့မို့ အလုပ်ထိခိုက်မည် စိုးဟန်နဲ့ စဉ်းစားနေသောသူဌေးကို ကိုယ့်ဘက်ရောက်အောင် ပိုပိုသာသာလေး ပြောပေးနေရသည်။
"ဘာမှမစိုးရိမ်ပါနဲ့ သူဌေးရယ် ကျွန်တော်က အားလုံးကူလုပ်ပေးမယ်~~~ နော် အကိုဘတ်ဟျွန်း သ်ိပ်မလုပ်နိုင်လည်း ကူလုပ်ပေးမယ်ဗျာ သူဌေးအလုပ်မထိခိုက်စေရဘူး ဘယ်လိုလဲ"
"မင်းစကားနဲ့ မင်းနော် ဆယ်ဟွန်း"
"ရဲရဲကြီးတာဝန်ယူတယ် ကျွန်တော်"
"Okလေ ငါတို့ဆယ်ဟွန်းက အသည်းအသန်ပြောနေမှတော့လည်း အလုပ်ခန့်ရတော့မှာပ"
"သူဌေး ကျေးဇူးအများကြီးတင်ပါတယ်"
"ဆိုင်သေချာစောင့်ဦး ငါအပြင်ခဏ သွားဦးမယ်"
"ဟုတ်!"
မှန်တံခါးကနေ အထဲကိုလှမ်းကြည့်နေတုန်း ဆယ်ဟွန်းနဲ့ စကားပြောနေသော သူဌေးဆိုသူက အပြင်ထွက်လာတာမို့ စိတ်ကိုအကောင်းဆုံးဖြေလျှော့ထားကာ အသင့်အနေအထား စောင့်နေလိုက်သည်။
"မင်္ဂလာပါ သူဌေး"
"အာ ဆယ်ဟွန်းပြောတဲ့ ဘတ်ဟျွန်းဆိုတာလား"
ခေါင်းငုံ့အရိုအသေပေးရင်း နှုတ်ဆက်နေတဲ့ ကိုယ့်ပခုံးကို ပုတ်ကာမေးလာတာမို့
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ