"ချန်းယောလ် နေ့လယ်ကြီးကို ပြန်လာတာလား"
"အာ အကိုဆူဟို ဈေးကပြန်လာကြပြီလား။ ဒီနေ့စောသားပဲ။ အာလူးတွေက"
ခြံထဲဝင်ဝင်လာချင်း လှမ်းမေးလာတာမို့ အကိုဆူဟိုရှိရာ အိမ်ရှေ့ကွပ်ပျစ်ဆီ ဝင်ထိုင်လိုက်သည်။ ခါတိုင်းအချိန်ထက် စောကာပြန်လာသလို အာလူးတွေ အခွံနွှာနေသောကြောင့် ကိုယ်ကပဲပြန်အမေးထုတ်မိသည်။
"ဘတ်ဟျွန်းလေ နေမကောင်းချင်လို့ဈေးက စောစောပြန်လာလိုက်တာ။ အခုအာလူးဆန်ပြုတ် ပြုတ်ပေးမလို့"
"ဟင် ဟုတ်လား တော်တော်ကြီးနေမကောင်းတာလား"
"နည်းနည်းပါ။ ခေါင်းကမကြည်သလိုဖြစ်နေလို့ဆိုပဲ။ လူက ကြည့်ရတာ အားနည်းနေတဲ့ပုံပေါ်တာနဲ့ ငါလည်း အိမ်ပြန်ခေါ်လာခဲ့တာ။ ချန်းယောလ်ကရော အိမ်ဘာလို့ပြန်လာတာလဲ"
"ကျွန်တော်က ဘတ်ဟျွန်းဗိုက်အပ်တာ လ်ိုက်ကူမလို့။ မနေ့ကတုံကင်ယူခဲ့ပြီးသားလေ"
"အတော်ပဲ ချန်းယောလ် ခေါ်သွားတော့။ ဘတ်ဟျွန်းက ဆေးခန်းသွားဖို့ပြောတာ မသွားဘူးပဲငြင်းနေတာ မင်းတစ်ခါတည်းပြခဲ့ပေးလိုက်"
"ဟုတ် ဗိုက်အရင်ပြမှ ထင်တယ်။ အချိန်နီးနေတော့လေ။ ပြီးမှ အထွေထွေဆောင် သွားပြပေးလိုက်မယ်"
"ကောင်းတယ် ကောင်းတယ်။ ဒါဆို အကို ဆန်ပြုတ် ပြုတ်ထားလိုက်မယ် အပြန်စားလို့ရအောင်"
"ဟုတ် အခန်းထဲရှိတယ်မို့လား ဘတ်ဟျွန်းက"
"ခဏ လှဲနေခိုင်းထားတာ။ ၀င်ကူပေးလိုက်ဦး အင်္ကျီလဲတာလေးဘာလေး အကိုက အနောက်မှာဟင်းအိုးတန်းလန်းနဲ့မို့"
"ဟုတ်"
ပျာပျာသလဲနဲ့ နောက်ဖေးမီးဖိုထဲဝင်သွားတဲ့ အကိုဆူဟိုက မသိရင် နာမည်ကျော် စားဖိုမှူးကြီး အတိုင်းပင်။
*********************
ဒေါက် ဒေါက် ဒေါက်
"ညီ အကို ၀င်ခဲ့မယ်နော်"
"ဟုတ်"
"နေသာရဲ့လား"
"ဟုတ် သက်သာလာပါပြီ။ ခေါင်းပဲမူးနေလို့"
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ