"အကိုဘတ်ဟျွန်း ကျန်းမာရေး ဂရုစိုက်နော်"
"အေးပါကွာ ဆယ်ဟွန်းလေးလည်းဂရုစိုက် ဟုတ်ပြီလား"
"ဟင့် ကျွန်တော်ကခွဲချင်တာ မဟုတ်ဘူး ဒီလူကြီးကြောင့် "
ဆယ်ဟွန်းက သူ့အနားမှာရပ်နေတဲ့ ဂျုံအင့်လက်မောင်းကို လက်သီးတချက်ကျွေးလိုက်ပြီးပြောလိုက်တော့
"ဟာ မဖြစ်မနေ အဲ့က အလုပ်လေ့လာရမှာမို့လေ ကြက်ပေါက်လေးရယ် မလိုက်ချင်နေခဲ့လို့ရတယ်လေကွာ"
"ရမလား အဲ့က ကောင်မလေးတွေက အချောအလှပေါတယ်ဆို ဒီလူကြီးကစိတ်ချရလို့လား"
စွာစွာ စွာစွာနဲ့ ပြောတဲ့ဆယ်ဟွန်းစကားအဆုံး ဘတ်ဟျွန်းကော ဂျုံအင်ပါ ရယ်လိုက်မိကြသည်။ ဆယ်ဟွန်းကလေ ဘယ်အရွယ်ရောက်ရောက် ကလေးလိုပဲ သူ့စိတ်လေးက။ ဂျုံအင် ဘန်ကောက်က သူ့အဖေလုပ်ငန်းတွေကို လေ့လာဖို့သွားရမယ်လည်းကြားရော သူ့မှာတစ်ယောက်တည်း ယောက်ယက်ခတ်နေရှာတာ။ ဘတ်ဟျွန်းဗိုက်ကိုလည်း အကို့ထက်တောင် သူကသဲသဲလှုပ်၊ သူ့ချစ်ချစ်ကြီးကျလည်း မခွဲနိုင်နဲ့ ဒီကလေးဗျာများနေတာ။
"ဟောဗျာ မငိုနဲ့လေ ဆယ်ဟွန်းလေးရဲ့ တိတ်နော်"
တရှုံ့ရှုံ့နဲ့ငိုနေပြန်တာမို့ ပြောလိုက်တော့လည်း သူ့ဟာသူ မငိုမိအောင်ထိန်းနေရှာလေရဲ့။
"အကိုဘတ်ဟျွန်း ဘယ်တော့မွေးမှာလဲဟင် ဟင့်"
"အဝေးကြီးလိုပါသေးတယ် ဆယ်ဟွန်းလေးရယ် ၃လကျော်လောက်ကိုလိုသေးတယ်"
"အကိုဘတ်ဟျွန်း မွေးဖို့ရက်နီးရင်ပြောနော် ကျွန်တော် မရရအောင်ပြန်လာမှာ ဒီက အစုတ်ပလုတ်ဝက်ဝံကြီးလဲ ယူချင်တဲ့သူယူသွားပါစေ"
"ဟာ ဆယ်ဟွန်းနော်"
ဂျုံအင့်ကို မျက်စောင်းကြီးနဲ့ပေါက်ထုတ်ကာ ကျွန်တော့်ကို လာဖက်နေတဲ့ကောင်လေးကို သေချာထွေးပွေ့ထားမိသည်။ တော်တော်ခင်တွယ်တတ်တဲ့ ကလေးလေး ဘ၀မှာ တစ်ယောက်တည်းရှိတော့တဲ့ မိသားစုဝင် အဖေကလည်း လွန်ခဲ့တဲ့၂လလောက်က ဆုံးပါးသွားလေတော့ ကြားထဲဒီကအကိုတွေကိုသာ ပိုတိုးချစ်ပြီး စိတ်ပျော်ရွှင်အောင် နေနေရှာတာ။
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ