ဆူဟို ကားကို အာရုံစ်ိုက်ကာမောင်းနေသော်ငြား ဘေးကနေ ငြိမ်ငြိမ်လေးအိပ်လိုက်လာသောသူဆီကို အကြည့်က ရောက်ရောက်နေမိသည်။
"နေရတာ အဆင်ပြေပါ့မလား"
ကားလမ်းရှင်းတဲ့နေရာရောက်တော့ကားကို အရှိန်လျှော့ကာ ဘေးထိုးရပ်လိုက်ပြီး စောင်ကို အပေါ်ထိ ထပ်ဆွဲကာခြုံပေးလိုက်တော့
"အင်း....ရောက်ပြီလား"
နိုးလာသော သူကြောင့် နဖူးပေါ်ကချွေးစေးလေးတွေသုတ်ပေးဖို့ပြင်နေတာတောင် တန့်သွားရသည်။
"ရောက်တော့မှာပါ ရီရှင်းရဲ့။ ဟို နေမကောင်းတာကို နောက်နေ့မှမသွားဘဲ"
"ဒါက ဒီလိုဗျ "
သူက လှဲထားသောခုံကို ပြန်မတ်လိုက်ကာ ရေဘူးကိုယူသောက်လ်ိုက်ပြီး
"ပြဿနာက အခုသွားမှရမယ်ဗျ "
"ဘာကိစ္စမို့လို့လဲ"
"သွားရင်းနဲ့ ပြောတာပေါ့။ မြန်မြန်ရောက်လေ ကောင်းလေပါ့"
"အော် ဟုတ်"
ဆူဟိုလည်း ကားကို လမ်းကြောင်းပေါ် ပြန်တင်လိုက်ကာ ရီရှင်းဆီကထွက်လာမဲ့ စကားကိုသာ စောင့်နေမိသည်။
"သူက ကျွန်တော့်အမေဆိုလည်းဟုတ်တယ်၊ ကျွန်တော့်အဖွားဆိုလည်းဟုတ်တယ်။ ကျွန်တော် ဒီကို ရောက်စကနေ လွန်ခဲ့တဲ့နှစ်လောက်အထိ သူပဲ ကျွန်တော့်ကိုထိန်းကျောင်းခဲ့တာ"
"အော်"
"သူ့သား လေဖြတ်သွားလို့သာ နယ်ပြန်သွားတာ။ အခုသူ့သမီးက သူ့ဆီရှိတဲ့မြေကို တစ်၀က်အမွေလာတောင်းနေလို့ဗျာ။ မနေ့ကတည်းက သူ့အိမ်လာ လာ သောင်းကျန်းနေလို့ လာပေးပါဆိုလို့"
"ဟာဗျာ ဒါဆိုမြန်မြန်သွားရမှာပေါ့"
"အွမ်း အဲ့ဒါကြောင့်ပါ"
**********
"ကျုပ်ကသမီးမှ ဟုတ်ရဲ့လား ဟမ်"
"ညည်းအေ"
"ဒီသားက ဘာအရေးလဲ ဟမ် ကျုပ်ကိုပေးမှာလားပြော"
ရီရှင်း လမ်းပြတဲ့အတိုင်း ဝင်လာခဲ့တော့ အသင့်အတင့်ကျယ်တဲ့ ခြံဝင်းလေးထဲရဲ့ ၂ထပ်အိမ်ရှေ့မှာ အဒေါ်ကြီးနဲ့ မိန်းမ၁ယောက် အပြန်အလှန်အော်ဟစ်နေကြသည်။
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ