"အကိုဆူဟိုက ဘာဖြစ်နေတာလဲ "
ငါးပေါင်မုန့် လုပ်နေတဲ့ မင်ဆော့နား ဆယ်ဟွန်းက ကပ်မေးလိုက်တော့
"မသိဘူးလေ ငါလဲ ခရီးကပြန်လာကတည်းက သိပ်အခြေအနေမကောင်းဘူး ဘာဖြစ်ခဲ့လဲမသိ"
တိုးတိုးကြိတ်ကြိတ် ပြောနေတုန်းအကိုချန်းယောလ်က ကလေးကိုရင်ဘတ်မှာ ပိုးတပတ်နဲ့ပိုက်သလို ပိုးထားကာ ခြင်းတောင်းကြီးကိုင်လို့ထွက်လာသည်။
"အားတုန်းလေး ဈေးသွားလိုက်ဦးမယ် ညီ ဆေးရုံက ပြန်လာရင် ဟိုစင်ပေါ်က ကိတ်လေး အရင်ကျွေးပေးနော် ဆယ်ဟွန်း သမီးကို ငါခေါ်သွားတယ်လို့"
"ဟုတ် အကိုချန်းယောလ်"
"ချန်းယောလ် ချန်းယောလ် ငါဈေးသွားလိုက်မယ် ပေး"
ငူငူငိုင်ငိုင်ဖြင့် စားပွဲသုတ်နေတဲ့အကိုဆူဟိုက ထွက်သွားခါနီ အကိုချန်းယောလ်ကို အတင်းတားနေပြန်သည်။
"ကျွန်တော်သွားလိုက်ပါ့မယ် အကိုဆူဟို တနေကုန် ရှိသမျှအလုပ်သိမ်းကျုံးလုပ်နေတာ ပင်ပန်းမှာကို"
"ရတယ် ရတယ် ငါ သွားမယ်ပေး"
ဆွဲခြင်းတောင်းကြီးကို ချန်းယောလ်လက်က ဆွဲယူကာ ဝယ်ရမယ့် ပစ္စည်းစာရင်းနဲ့ ပိုက်ဆံယူပြီးထွက်သွားသော အကိုဆူဟိုကြောင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာခေါင်းခါလိုက်မိကြရင်း သက်ပြင်းပါမှုတ်ထုတ်မိသည်။
"ဆယ်ဟွန်း ဆိုင်ခဏ ကြည့်ထားနော် အကို ချန်းဆီ ထမင်းဘူး သွားပို့ပေးမလို့"
"ဟုတ် အကိုမင်ဆော့"
"စိတ်ချသွား အကိုမင်ဆော့ရေ ကျွန်တော့်ဆိုင်လည်း လူပါးနေတော့ စိတ်သာချ "
"အွမ်း ကျေးဇူးသွားပြီနော် ချန်းယောလ်၊ဆယ်ဟွန်း တာ့တာ"
ထမင်းဘူးလေးကိုင်ကာ ထွက်သွားသော အကိုမင်ဆော့ကိုလည်း ကြည့်ရတာသိပ်အားမရ ကိုယ်တွေကိုပြုံးပြနေသော်လည်း စိတ်ထဲတမျိုးဖြစ်နေရှာမှာ။ အေးလေ အမြဲတမ်းကြီးဘ၀ကသာယာနေပါ့မလား။ အကိုချန်းက လိုအပ်လို့အပြင်မှာ အချိန်ပိုင်းထွက်လုပ်နေရတာပဲလေ။
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ