"အာ ဆောတီးဆောတီး အကိုချန်းနဲ့ဆယ်ဟွန်းလေး ဈေးကဒီနေ့မှရောင်းကောင်းနေလို့ နောက်ကျသွားတယ်"
"ဖြည်းဖြည်းလာပါ ဘတ်ဟျွန်းရဲ့ ဖွင့်စဆိုတော့ သိပ်မရောင်းရသေးပါဘူး"
"အေးလေ အကိုဘတ်ဟျွန်းက ပျာတာပျာတာနဲ့ ပြေးရူးပြေးရူးလုပ်မနေနဲ့ လာ ဒီမှာလာထိုင်"
ဆယ်ဟွန်းက လက်ကနေဆွဲကာ အကိုချန်းယောလ် ဆိုင်ရှေ့မှာရပ်ထားသော CBSအမည်တပ် အဆာပြေလှည်းလေး ဘေးကခုံပေါ်မှာ ထိုင်ခိုင်းသည်။
အကိုချန်းတို့ရွာမှာ၂ညအိပ်၊၃ရက်နေပြီးအပြန် ၂ရက်လောက်နေမှ စတင်လှုပ်ရှားကာ ဖွင့်ခဲ့တာမို့ အခုမှဖွင့်တာ၁ရက်၊၂ရက်ရှိသေးသည်။
မနက်ပိုင်း အကိုချန်းက အလှကိတ်ပုံစံအနည်းငယ် နဲ့အသားညှပ်ပေါင်မုန့်ကို လုပ်ရောင်းသလို အကိုဆူဟိုနဲ့ ဈေးလိုက်ပြီးအပြန်မှ ဘတ်ဟျွန်းက ငါးပေါင်မုန့်နဲ့တော့ပူကီလုပ်ရောင်းသည်။ ဆယ်ဟွန်းကတော့ ဘာမှမလုပ်တတ်တာမို့ ၂ယောက်လုံးကို ဝိုင်းကူပေးသည်။ ညနေပိုင်း ဘတ်ဟျွန်းနဲ့ဆယ်ဟွန်းရှိရင်တော့ အကိုချန်းကပဲ ဆိုင်အတွက်နောက်ရက်လိုတာတွေကို တစ်ခါတည်းထွက်ဝယ်သည်။
"ဘယ်လိုလဲ အကိုချန်းမနက်ပိုင်းရောင်းရလား"
"ဆိုးတော့မဆိုးပါဘူး။ ကျန်တာတော့များတယ် ဘတ်ဟျွန်းရေ။ အစဆိုတော့ သိပ်ဝယ်မစားရဲကြသေးတာနေမယ် အရသာမသိသေးတော့"
"အွမ်းနော် နောက်ရက်တွေကျ ရောင်းကောင်းမှာပါ။ ဆယ်ဟွန်းလေး ညနေအပြန်လေ အကိုနဲ့စက်ဆိုင်လိုက်ခဲ့ပေးဦးနော် အထည်သွားယူမလို့"
"လိုက်ခဲ့မှာပေါ့ဗျ ကျွန်တော်ရော အဲ့အလုပ်လုပ်ဦးမယ်လေ ခဏတော့။ အင်တာဗျူးထားတာကလည်း ရလဒ်က မထွက်သေးတော့ ရသမျှငွေတော့ရှာထားမလားလို့"
"တွေးတတ်လိုက်တာ ဆယ်ဟွန်းလေးက တော်တယ်"
ဘေးကထိုင်နေတဲ့ ဆယ်ဟွန်းပါးလေးကို ဖျစ်ကာပြောလိုက်တော့ စပ်ဖြဲဖြဲနဲ့ကိုယ်တော်ချောက မြောက်ကားကြီးလုပ်လာသည်။
"ကဲပါ ဒါဆိုအကိုချန်း လူပြတ်တုန်းနောက်နေ့အတွက် ဈေးသွားရင် သွားလေ။ ကျွန်တော်ငါးပေါင်မုန့်တို့ လုပ်လိုက်တော့မယ်"
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ