"အကိုတို့ကလည်း ဘယ်မှာပြတ်ကျန်ခဲ့တာတုန်း လာ လာ "
အကိုချန်းတို့ အခင်းနားအရောက် ဆယ်ဟွန်းက ခါးကြီးထောက်ကာ ဆီးဟောက်နေလေသည်။"ရောက်ပြီမို့လား အခု"
"ကြည့် ကြည့်~~ အကိုချန်းယောလ်ကလေ ဘာဖြစ်နေတာလဲ။ အခုရော အကိုဘတ်ဟျွန်းကို မတွဲကူဘူး"
"အကိုက အိတ်တွေသယ်လာခဲ့လို့ပါ ဆယ်ဟွန်းလေးရဲ့"
ခပ်ဆတ်ဆတ်ပြန်ပြောပြီးနောက် ဆယ်ဟွန်းတို့ပြောသမျှကို မကြားဟန်ဆောင်ကာ အိတ်တွေကို အခင်းထိပ်က တဲလေးရှေ့ချပြီး အခင်းထဲရောက်နေကြပြီဖြစ်သော အကိုဆူဟိုတို့နားသွားကာ ဂေါ်ဖီထုပ်တွေကို တစ်ထုပ်ချင်းစီကောက်ကာ တောင်းထဲထည့်နေရင်း လှုပ်ရှားနေသောစိတ်အစုံကိုတည်ငြိမ်ဖို့ကြိုးစားနေမိသည်။
"လာ လာ~~~ အကိုဘတ်ဟျွန်း ကျွန်တော့်ကိုတွဲ"
"အွမ်း"
"ထိုင် ဒီမှာ"
တဲရှေ့က ထိုင်ခုံလေးပေါ် ထိုင်ခိုင်းနေတာမို့ထိုင်လိုက်ပြီး အခင်းထဲကအကိုတို့ဆီကြည့်ကာ
"ဟို"
"ဟိုတွေ ဒီတွေလုပ်မနေနဲ့ မပေါ့မပါးကြီးနဲ့ကို နေပူထဲ ဂေါ်ဖီထုပ်ကောက်ချင်နေသေးတာလား။ ဒီမှာ ထိုင်နေ ကျွန်တော်တို့ လာပို့တဲ့ဟာကိုသာ၁၀လုံးစီ အိတ်ထဲထည့်ပေး အိတ်တွေက်ိုမထပ်နဲ့နော်။ လေးတယ် ထည့်ပြီးဒီတိုင်းထား နောက်ထပ်လာပို့ရင်းနဲ့မှ ထပ်ပေးမယ်။ နို့မို့လုပ်တောင်မလုပ်စေချင်ဘူး။ အကိုဘတ်ဟျွန်းပျင်းနေမှာစိုးလို့ ငြိမ်ငြိမ်နေခဲ့နော်"
"အင်းပါ"
လူကြီးလေးလို မှာတမ်းခြွေကာ အခင်းထဲဆင်းသွားသော ဆယ်ဟွန်းကိုသဘောတကျပြုံးကာ ကြည့်နေမိသည်။ ဆယ်ဟွန်းကတော့ တကယ့်အလည်လေးပါလေ။
အကိုဆူဟိုတို့ရော အားလုံးချွေးတလုံးလုံးနဲ့ ဂေါ်ဖီထုပ်တွေကိုကောက်ကာ စကားတပြောပြောနဲ့ရှိနေကြသော်လည်း အကိုချန်းယောလ်ကတော့ ဂေါ်ဖီထုပ်ကိုသာအာရုံစိုက်နေဟန်။ စကားဝင်ပြောတာလည်း မတွေ့ရ၊ အားလုံးနဲ့လိုက်ပြီးလည်းမရယ်၊ အကိုချန်းတို့ကတော့ တစ်ခါတစ်ခါလှမ်းလှမ်းပြီး စကားတွေအော်အော်ပြောသလို ဆယ်ဟွန်းကလည်း လာပို့လိုက် အခင်းထဲပြေးသွားလိုက်နဲ့အလုပ်ရှုပ်နေသည်။
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ