"ဘယ်သွားကြမလို့လဲ အကိုချန်းတို့က"
ကလေးအနှီးတွေနဲ့ ဘတ်ဟျွန်းအင်္ကျီအချို့က်ို လျှော်ဖွတ်နေတဲ့ချန်းယောလ်က စောစောစီးစီး ရှိုးစမိုးအပြည့်ဖြင့် လက်ချင်းချိတ်ကာ ထွက်လာကြသော အကို၂ယောက်ကိုမေးလိုက်သည်။
"Dateလုပ်မလို့တဲ့လေ။ ဒီလူကြီးက ရပဲရပြီးနေပြီကို သမီးရည်းစားအကွက်တွေ"
"ဟာ အကိုမင်ဆော့ကလည်း ကြိုက်ခဲ့တဲ့၃နှစ်အတွင်း ဘယ်မှာလွတ်လွတ်လပ်လပ်လျှောက်လည်ရဖူးလို့လဲ "
"ဟား ဟား တို့အကိုချန်းကတော့ရင်ခုန်ကြည်နူးဖွယ်အချိန်ကို ဖန်တီးချင်နေပြန်ပြီထင်ပ"
အိမ်ဝကနေ အိပ်ယာနိုးခါစ ဆယ်ဟွန်းကပါ ဝင်ပြောလာတာမို့
"ဟုတ်လောက်တယ် ဆယ်ဟွန်းရေ "
"ကဲပါ၂ယောက်လုံး ပျော်ရွှင်စရာအချိန်တွေ ရခဲ့ကြပါစေဗျာ"
"ဟုတ်ပါပြီကွာ။ သွားပြီနော် အားလုံး"
အက်ိုချန်းကပဲ ရှက်ရဲရဲဖြစ်နေတဲ့အကိုမင်ဆော့ကို လက်ဆွဲကာရှေ့ကဦးဆောင်ပြီး တက်တက်ကြွကြွထွက်သွားလေပြီ။
"အကိုချန်းယောလ်က ဆိုင်လည်းပိတ်နေတာကို အစောကြီးထပြီး ဘာလို့လျှော်ဖွတ်နေရတာလဲ"
"ဘတ်ဟျွန်းနိုးရင် လျှော်ခိုင်းမှာမဟုတ်ဘူးကွ "
လျှော်ဖွတ်နေတဲ့နား ဆယ်ဟွန်းကအိပ်ချင်မူးတူးနဲ့လျှောက်လာကာ ပြောပြီး မျက်နှာသစ်နေသည်။
"ဟင် အကိုဂယောင်ဆူး ဆေးရုံသွားတော့မလို့လား"
ဂျူတီကုတ်နဲ့ဆေးအိတ်ဆွဲကာထွက်လာသော ဒိုဂယောင်ဆူးကို ဆယ်ဟွန်းက သွားတိုက်ရင်းနှုတ်ဆက်လိုက်တော့
"ဟုတ်တယ် ဆယ်ဟွန်းရေ စီနီယာတစ်ယောက်နဲ့ဂျူတီလဲလိုက်လို့ နောက်ကျနေပြီမို့ သွားတော့မယ်နော် အကိုချန်းယောလ် သွားပြီခင်ဗျ"
" ဟုတ်အကို"
"ကောင်းကောင်းသွားပါ ဂယောင်ဆူးရေ"
"ဟုတ်"
"ပေး ကျွန်တော် ကူလှန်းပေးမယ်"
လျှော်ထားတဲ့အ၀တ်တွေကို နေလှန်းဖို့ပြင်တော့ ဆယ်ဟွန်းကပါ ကူလှန်းပေးသည်။
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ