"ဝှါး~~~~"
တရေးနိုး ရေဆာလို့ ရေထွက်သောက်တုန်း အခန်းထဲကထွက်လာတဲ့ဘတ်ဟျွန်းက အပြင်သွားမည့်ဟန် ပြင်ဆင်ထားတာမို့
"ဘယ်သွားမလို့လဲ ဘတ်ဟျွန်း"
ကိုယ့်ကိုလည်း မြင်ဟန်မတူတာမို့နောက်ကနေ လှမ်းမေးလိုက်တော့ လှည့်ကြည့်လာကာ အပြုံးလေးနှင့်
"ဟာ အကိုချန်း နိုးပြီလား မိုးလင်းခါနီးမှပြန်ရောက်လို့ဆို မနေ့က"
"ဟုတ်တယ် အခုရေဆာလို့ ထသောက်တာ အိမ်မှာဘယ်သူမှမရှိကြဘူးလား တိတ်နေတာပဲ"
"မရှိကြဘူး အကိုချန်းယောလ်ကဆိုင်သွားပြီ။ အကိုဆူဟိုနဲ့ဂျုံအင်နဲ့ကအကိုချန်းယောလ်ဆိုင်အတွက် လိုတာသွားကူဝယ်ပေးတယ်။ ဆယ်ဟွန်းလေးက သူ့အဖေဆီ ဆေးရုံကိုသွားတယ်။ အကိုချန်းအိပ်နေတာ နိုးအောင်မလုပ်နဲ့လို့ မှာသွားကြသေးတယ်"
"အော် ဘတ်ဟျွန်းကရော ဘယ်လဲ နေပါဦး~~~အားလုံးအလုပ် မသွားကြဘူးလား ဈေးရော"
"အကိုချန်းတော့နောက်ပြီ ပိတ်ရက်လေဒီနေ့က ဒါကြောင့်အားလုံး အားနေကြတာ"
"အာ ဟုတ်သားပဲ"
"ကျွန်တော်က ကိုကြီးသူဌေးဆီ သွားမလို့ပါ။ အရိုးပြာမျှောတဲ့နေ့ကနေအခု၁လကျော်ထိ မသွားရသေးတော့ အခုသွားပြီး အထင်လွဲနေတာလေးရှင်းပြမလားလို့ သွေးအေးလောက်ပြီထင်လို့"
"အွမ်းပါ အကိုလိုက်ခဲ့ ပေးရမလား"
"ရတယ်အကို မလိုက်ခဲ့နဲ့တော့ "
"ဒါဆိုအပြန် အိမ်ကိုတန်းမလာဘဲ ချန်းယောလ်ဆိုင် ဝင်ခဲ့နော် အကိုလည်းခဏနေအဲ့သွားမှာ"
"ဟုတ်ကဲ့အကိုချန်း သွားပြီနော် ဒါဆို"
ဗိုက်ကလေးထိန်းကာ လုံးတုံးလုံးတုံးနဲ့ တာ့တာပြပြီး ခြံပြင်ထွက်သွားသောကလေးကိုမျက်စိတဆုံးလိုက်ကြည့်နေမိသည်။
**********
Shin Group ဆိုတဲ့စာတန်းကြီးနဲ့အတူ ကြီးမားလှတဲ့ အဆောက်အဦးကြီးက မျက်စိရှေ့ဝယ် ခမ်းနားထည်ဝါစွာ။ နောက်ဆုံးလာတုန်းကကိုယ့်အပူနဲ့ကိုယ်မို့ သေချာသတိထားမကြည့်မိခဲ့တော့ ဒီလောက်ခမ်းနားမှန်းမသိခဲ့။
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ