"ဒီလိုဆို ဂယောင်ဆူးပြောသလိုပဲ ဒါလုံးဝ မရိုးသားနိုင်ဘူး"
အကိုဆူဟိုက မနက်စာ စားပွဲထိပ်ကနေထိုင်ကာ ဂယောင်ဆူးပြောပြနေတဲ့မနေ့က ဟိုကောင်မလေးဦးလေးဖြစ်သူနဲ့တွေ့ခဲ့တဲ့အကြောင်းကို သုံးသပ်လိုက်တယ်။
"ဟုတ်တယ် ကျွန်တော်လည်းသံသယ၀င်မိတယ်။ အလုပ်စ၀င်တဲ့နေ့ကဆို အတင်းတွန်းထုတ်တာပါဆို။ သမီးပါနေတာတောင် မညှာဘူး။ တော်သေး ဆယ်ဟွန်းတို့ရောက်လာလို့"
"ဟုတ်တယ် ဟုတ်တယ်။ အဲ့လူကြီးကအရမ်းကြမ်းတာ"
"ဘာပြောတယ်!"
သမီးကို ထမင်းဝါးခွံ့နေရင်းကနေအကိုဆူဟိုသုံးသပ်လိုက်တာကို ကိုယ့်အတွေ့အကြုံနဲ့ပြန်ပြောတာကိုမှ ဆယ်ဟွန်းကလည်းအားကြိုးမာန်တက် ထောက်ခံကာနေတုန်း အကိုချန်းယောလ်ရဲ့အော်သံကြောင့် မပြောရ ကတိကို သတိပြန်ရကာ ဘာမှမပြောပဲထိုင်နေတဲ့ ဂျုံအင်ရောပါ ၃ယောက်သား ဇတ်ကလေးတွေပုကာ ကိုယ်ပါကျုံ့သွားသလားထင်ရသည်။
"ဘာမှ မဖြစ်ခဲ့ပါဘူး အကိုရယ်။ အခုဆို အဲ့လူကြီးလာတောင်မလာတော့ဘူး"
"တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲပြော။ ညီနော် မပေါ့ပါနဲ့ဆိုကွာ"
"အခုအေးဆေးဖြစ်သွားပါပြီ အကိုချန်းယောလ်ရဲ့စိတ်မပူပါနဲ့"
မျက်လုံးကြီးပြူးပြကာ စိုးရိမ်တကြီးပြောနေတဲ့ အကိုချန်းယောလ်လည်း ဂယောင်ဆူးဝင်ပြောမှသာ စိတ်ကိုလျှော့သွားဟန်။
"တစ်ခုခုဆို ဂယောင်ဆူးဆီအရောက်သွားနော်"
လက်ညှိုးထိုးကာပြောလာတာမို့
"အင်း အင်းပါ အကိုရဲ့"
"ချန်း ဖြည်းဖြည်းစားပါကွာ မင်းကလဲ"
စကားဝိုင်းထဲ နားထောင်၊ ခေါင်းညိတ်ပဲလုပ်ကာ မနက်စာကို အမြန်စားနေတဲ့ချန်းကို ဆူဟိုကလှမ်းပြောလိုက်တော့
"အချိန်ပိုင်းလေး ရှာတွေ့ထားလို့ပါအကိုဆူဟိုရယ်။ ဆိုင်မဖွင့်ခင်ထိပဲဆိုတော့ လုပ်မလားလို့"
"အေးပါကွာ။ ဖြည်းဖြည်းတော့ စားပါကွ။ ဒါနဲ့မင်ဆော့ရော"
"အကိုမင်ဆော့က ဆိုင်အတွက်လိုတာတွေသွားဝယ်တယ်။ ကျွန်တော်က နေ့လယ်အချိန်မရတော့လို့လေ"
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ