7 uni
2.5K 178 11
"ဆယ်ဟွန်းလေး ဖိုက်တင်း~~~"
"ဖိုက်တင်း~~~"
"ကောင်းကောင်းကြိုးစားခဲ့နော် သူတို့မေးသမျှလည်း ယုံကြည်မှုရှိရှိဖြေခဲ့သိလား။ ကိုယ်ကသင်တန်းတွေရော သိသင့်သိထိုက်တာတွေရော အကုန်လေ့လာထားတာပဲ နော့"
"ဟုတ်ကဲ့ အကိုဆူဟို"
"ငါတော့ဆယ်ဟွန်း လွှင့်တဲ့သတင်းနားထောင်ချင်နေပြီဟေ့"
"ဟားဟား နားထောင်ရမှာပေါ့အကိုချန်းရာ"
"ကြိုးစားနော် ဆယ်ဟွန်း"
"ဟုတ် အကိုချန်းယောလ်"
ဒီနေ့က ဆယ်ဟွန်း အရမ်းအလုပ်ရချင်နေတဲ့SKBမှာ သတင်းထောက် အလုပ်သင် စခေါ်မှာမို့ အင်တာဗျူးသွားဖြေရမည်ဖြစ်ကာ အားလုံးကိုယ်စီ အလုပ်မသွားနိုင်သေးဘဲ ဆယ်ဟွန်းလေးကို အားပေးနေကြခြင်း။
"ရား ဆယ်ဟွန်း မလာသေးဘူးလား"
ချန်းယောလ်ဆိုင်ကယ်နဲ့ ကျောင်းမသွားခင် လိုက်ပို့မည်ဟုပြောထာသောဂျုံအင်က ဆိုင်ကယ်ပေါ်ကပင် ကားယားခွကာ အသင့်အနေအထားဖြင့် ခြံဝမှအော်နေလေပြီ။
"လာပါပြီကွ မင်းကလည်း"
"နောက်ကျမှာစိုးလို့ပြောနေရတာ ဖေ့သားရဲ့"
"အမလေး ဂျုံအင်ရယ် အချိန်မီမှာပါကွာ မင့်မလည်း လောချက်"
"စောရောက်တော့ ကောင်းတာပေါ့အကိုဆူဟိုရဲ့"
"အေးပါကွာ ကောင်းကောင်းသွားကြနော်"
"ဟုတ် အကိုတို့ သွားပြီနော်"
"ဆယ်ဟွန်းလေး စိတ်မလှုပ်ရှားနဲ့နော် ဂျုံအင်လည်း ဂရုစိုက်မောင်းဦး"
"ဟုတ်"
"တက် တက် ရပြီလား"
"ရပါပြီကွာ မောင်းတော့ အစောကြီးရှိသေးတာကို ဟွန့်"
"မြန်မြန်ရောက်နှင့်တော့ ကောင်းတာပေါ့ကွာ"
"မင်းကလေ ငါ့ဆိုဘယ်တော့မှ စိတ်မရှည်ဘူး ဟွန့်"
ဂျုံအင့် ကျောကုန်းကို နောက်ကနေထုလိုက်ကာ ပြောပြီး သူမောင်းတဲ့ဆိုင်ကယ်နောက်ကနေ လိုက်ခဲ့ရတော့သည်။