Extra
3.8K 121 7
ဘုတ်!
"တောင်းပန်ပါတယ် ကျွန်တော် အလျင်လို သွားလို့ပါ"
မနက်မိုးလင်းကတည်းက တရုတ်ကနေ အမေကပြန်လာဖို့ချည်း ဖုန်းဆက်ပြောနေတာမို့ လူကစိတ်ညစ်ညစ်နဲ့လာပါတယ်ဆို ကျောင်းရှေ့အ၀င်ဝမှာ လူတစ်ယောက်နဲ့ တိုက်မိလို့ လက်ထဲက စာအုပ်တွေအကုန်ပြုတ်ကျကုန်ရသည်။
ကျစ် စိတ်ရှုပ်ရှုပ်နဲ့ပဲ တောင်းပန်စကားပြောနေတာကို သိပေမဲ့အဖက်မလုပ် ဆံပင်တွေကိုပဲ ဖွလိုက်ကာ ပေကပ်ကပ်နဲ့ရပ်နေမိသည်။
"တောင်းပန်ပါတယ်ဗျ။ ကျွန်တော်က ကျောင်းတံခါး မပိတ်မီ အမြန်ပေးစရာလေးရှိလို့ လောသွားမိတာပါ"
သွားပြီ လုဟန်ရေ။ မင်းတော့တကယ်သွားပြီ။ မကြည်နေတဲ့စိတ်တောင်ဘယ်ရောက်သွားလဲ တွေးလို့မရတော့။ ခေါင်းထဲလည်း လေဟာပြင်ထဲရောက်သွားသလိုပင်၊ ဘာဆိုဘာမှတွေးလို့ မရတော့ပဲ မျက်နှာချင်းဆိုင်က ကိုယ့်ဆီ စာအုပ်ပြန်ပေးနေတဲ့ သူရဲ့မျက်နှာလေးတစ်ခုသာ ကြီးစိုးနေသည်။
တော်တော်ချောတဲ့လူပဲ ဒီလူက။ တစ်ခါမှ မလှုပ်ခတ်ဖူးတဲ့ ရင်ခုန်နှုန်းတွေကလည်း မူမမှန်ချင်တော့သလို အသက်ရှူတွေပင် မြန်နေပြီ။
"ဟိုလေ တောင်းပန်ပါတယ်ဗျ တစ်ခုခုအဆင်မပြေလို့များ"
"ရတယ် ဘာမှမဖြစ်ဘူး"
အားနာနာနဲ့ ပြောနေတဲ့သူကတော့ ကိုယ့်ရဲ့ ခပ်ပြတ်ပြတ်စကားတွေကြောင့် စိတ်ဆိုးသွားတယ်ထင်လောက်မည်မှာမလွဲ။ တကယ်တော့ အောက်ဆီဂျင် ပျက်တော့မတတ်ဖြစ်လာတဲ့ နှလုံးခုန်မြန်မှုတွေကြောင့် အမြန်ပင် ရှောင်ဖယ်ချင်ဇောတစ်ခုကြောင့်ဆိုတာ ကိုယ်သာသိလိမ့်မည်။
ခပ်ဝေးဝေးရောက်မှ ကျောင်းဆောင်နားကွယ်ကာ ခဏရပ်စောင့်ကြည့်လိုက်တော့ ကျောင်းထဲကပြန်ထွက်ပြီး ကျောင်းရှေ့အသင့်ရပ်ထားတဲ့ကားထဲဝင်သွားတဲ့လူကြီး။
သူဘယ်သူလဲ မိန်းမရှိလား။ အခုကသူ့ကလေးကိုလာပို့တာလား။
မဟုတ်ပါစေနဲ့။ သူက အနှောင်အဖွဲ့ကင်းတဲ့ လူတစ်ယောက်ဖြစ်ပါစေ။