"ဟယ်လို"
"ဆယ် ဆယ်ဟွန်း"
"ဟာ မိုးပဲလင်းတော့မှာကိုကွာ ဖုန်းဆက်ပြီး ဘာလဲ "
"ငါ ငါ"
"ငါအိပ်ချင်နေတာနော်။ မင်းကွာ ဘာဖြစ်နေတာလဲ။ အခန်းချင်းကပ်ရပ်ကိုဖုန်းကြီးခေါ်ပြီး ဘာကြောင်တာလဲဟ"
"ငါ့ ငါ့အခန်းထဲ ခ ခဏ လာ"
"လာချင်ရင် မင်းလာကွာ အိပ်နေပါတယ်ဆို"
"ဆယ် ဆယ်ဟွန်း လာ လာခဲ့ပေးပါ။ ငါ့ဗိုက် အ့"
မနက်စောစောစီးစီး နေတောင်မထွက်သေးတဲ့အချိန် အိပ်ကောင်းနေတုန်းဖုန်းဝင်လာတာမို့ ဆယ်ဟွန်းတကယ်စိတ်ပေါက်သည်။
နံပါတ်ကိုမကြည့်မိသော်လည်း အသံကြားတာနဲ့ဘယ်သူဆိုတာသိပြီးသားပင်။ စဆက်ကတည်းက တထစ်အအနဲ့ မပြောနိုင်ဖြစ်နေတာကြောင့် စိတ်တိုပြီးချပစ်ဖို့ကြံပြီးမှ သူ့ဆီက နာနာကျင်ကျင် ညည်းသံလေးထွက်လာတာမို့ စောင်ပုံထဲကအမြန်ထွက်ကာ တစ်ဖက်အခန်းက သူ့ဆီကူးခဲ့ရတော့သည်။
"ရား ဂျုံအင် ဘာဖြစ်နေတာလဲ"
လာမိတာပဲ တော်သေးဆိုရမည်။ စောင်ပုံထဲ ကွေးကွေးလေးနှင့်သူ့ဗိုက်သူနှိပ်ကာ ချွေးစေးတွေပြန်နေတာမို့ကိုယ်လည်း ဘာလုပ်ပေးရမလဲ မသ်ိဖြစ်နေကာ
"ဂျုံအင် ဂျုံအင် ဘာဖြစ်တာလဲ ဗိုက်ပြန်နာပြန်ပြီလား ဟင်လို့ "
ချွေးစေးတွေပြန်ကာ မျက်နှာလေးရှုံ့တွပြီး
"အင်း"
ဂျုံအင့်မှာ အစာအိမ်ရောင်လေ့ရှိတာမို့ သတိထားနေလေ့ရှိရဲ့သားနဲ့ဘယ်လိုဖြစ်တာပါလိမ့်။
"ဘယ်လောက်ကြာပြီလဲ ဟမ်"
"နည်းနည်းကြာပြီ ထင် ထင်တယ်"
ကိုယ့်မေးခွန်းတွေကိုပင် ဖြေနေသည့်ဂျုံအင်က အားမရှိတော့သည့်ဟန် အနားကို ပိုတိုးကာ အဖျားရောဝင်နေလားဟု နဖူးက်ိုစမ်းကြည့်မိတော့ ခပ်နွေးနွေးအနေအထားမှာရှိနေသည်။
"ဂျုံအင် သောက်နေကျဆေးရော"
"ဆေး ဆေးက မနေ့က ကုန်သွားပြီ အင်း"
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ