"ပြောပါဦး "
"ဟိုလေ အဖေ ဒါက"
၂နှစ်ကျော်လောက် စိတ်ဆိုးပြီး မခေါ်တဲ့ အဖေက ရှေ့တည့်တည့်ကနေ မှင်သေသေကြည့်ပြီး မေးနေတာမို့ ဘယ်ကနေပင် စပြောရမလဲမသိ။
ကြက်ပေါက်ဘက်ကြည့်လိုက်တော့လည်း အိုမားနဲ့ဆို သူမတူအောင် စကားများတဲ့သူက၊ သူမဟုတ်တော့သလိုပင်။ လက်တွေကို လိမ်ကျစ်လို့ခေါင်းကလည်း ကြမ်းပြင်ထဲဝင်တော့မဲ့ပုံ။
"ဒီတစ်ယောက်နဲ့ ဘာလဲ မေးနေတယ်လေ"
"ကျွန်တော့်ချစ်သူပါ အဖေ"
"ချစ်သူ"
"တစ်ဘ၀လုံးအနားမှာ ရှိနေစေချင်တဲ့သူပါ အဖေ"
"အဟက် မင်းတို့ကလေးတွေတော်တော်ရူးပါ့ကွာ။ ဘယ့်နှယ် ရှာရှာပေါက်ပေါက်"
"တကယ်ပါ အဖေရယ်။ သားတို့အရမ်း ချစ်ကြတာပါ နော့ အိုမား"
ဆယ်ဟွန်းကပါ မသိသလို၊ သိသလိုနဲ့ခပ်ချွဲချွဲလေးပြောနေပေမယ့် အတင်းအားတင်းနေရပုံ။
"မင်း ငါ့ကို အဖေလို့မခေါ်နဲ့ကွ"
"ဟယ် ဘယ်လိုတွေပြောနေတာလဲ ဖေကြီး။ ကလေးတွေ သူ့ဟာသူနေကြပါစေ။ ချစ်တာပဲ မုန်းတာမှမဟုတ်တာ"
"မင်းကပါနော် မေကြီး "
"တကယ်ပါ အဖေရယ် ကျွန်တော်တို့ကိုမခွဲပါနဲ့ နော် နော် နော်"
"အပေးအယူ လုပ်မယ်"
"ဗျာ"
နှာခေါင်းရိုးနုပေါ် ကျနေတဲ့မျက်မှန်ကြီးကို တွန်းတင်ကာပြောလာတဲ့အဖေဖြစ်သူကြောင့်
"ဟုတ် ဟုတ်အဖေ ပြောလေ နော်"
"မင်းကို Companyက တခြားshareရှင်တွေကပါသဘောကျနေတယ်။ ဒီတော့ မင်းအလုပ်တွေကို ဆက်ဦးစီးပေး။ ကျောင်းက အက ဆရာကနေထွက်လိုက်တော့"
"ဟာဗျာ ဒါကတော့"
"ဖေကြီး"
"နေပါဦး၊ ငါဆက်ပြောပါရစေ။ မင်း ကချင်ရင် ငါခွင့်ပြုတယ်ကွာ။ အလုပ်ကိုမထိခိုက်ရင်ပြီးရော Okလား"
"တကယ်လား တကယ်လား အဖေ"
"တကယ်ပေါ့ဟ။ ဒါဆို ငါသဘောတူမယ်"
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ