"သမီးကြီး ထတော့လေ။ မောင်လေးတွေကို ကျောင်းသွားဖို့ ပြင်ကူပါဦး ဖေဖေ့ကို"
အိမ်ကသမီးအကြီး ဘတ်ဝူဆိုတာလေ၊ သူ့ဖေကြီးပြောရင် ငေါက်ကနဲ ထလုပ်တတ်ပေမဲ့ ကိုယ်ဆိုရင်တော့အခွန်း၅၀လောက် ခိုင်းမှ၁ခွန်းတင်တာ။
"ဟုတ်ကဲ့ပါ ဖေဖေရဲ့ သမီးကူပါ့မယ်။ သမီးနိုးပါပြီ"
"ချစ်တယ် သမီးရေ၊ အလိမ္မာတုံးလေး။ ဘတ်ယောလ်လေးနဲ့ ဘတ်ချန်းကို မျက်နှာသစ်ကူပေးနော် ဖေဖေက ဘတ်အွန်းလေးကို မနက်စာကျွေးနေလို့"
"ဟုတ် ဖေဖေ မောင်လေးတို့ လာ မမဆီ"
သူ့မောင်တွေကိုခေါ်ကာ ရေဘုံပိုင်နားထွက်သွားတဲ့ သမီးကိုကြည့်ရတာ တကယ့်အမကြီးပီသပါပေတယ်။ သမီးက ပြောရရင် ရုပ်ကလေးကသာ အကိုနဲ့တူတာ စိတ်ကတော့လုံးဝကိုကြီးပဲ။ တစ်ခါတစ်လေ ကောင်းသလောက် တစ်ခါတစ်လေ ဂျစ်ပြန်ရော။ ကိုယ်ကမွေးထားတဲ့ သမီးဆိုတော့ သူ့အခြေအနေအလိုက် သမီးကိုပြောဆိုနေရတာ။ တစ်ခါကဆို အငယ်ဆုံးဘတ်အွန်းလေးနဲ့အပြိုင်ဂျစ်လို့ ၂ယောက်လုံးကို စိတ်မရှည်ဖြစ်မိပြီးလက်ပါမိတာ။ နောက်ဆုံးတော့လဲ ဟောဒီက လူကြမ်းကြီးဖြစ်ပြီး ဖေကြီးချစ်သားသမီးတွေနဲ့အတူ ဖေကြီးကပါ အပြိုင်ကောက်သွားလို့ ချော့ရတာကို မောသွားရတာပဲ။
"ကိုယ် အိပ်ပျော်သွားတာကို မနှိုးဘူးကွာ။ ဘာလို့ အစောကြီး ထရတာလဲ"
"အကိုက ပင်ပန်းတယ်လေ။ တစ်နေ့တစ်နေ့ ဆိုင်မှာ ပြေးလွှားနေရတာ မနှိုးရက်ပါဘူး"
"ဟာကွာ နောက်ခါဆို နှိုးနော်။ မနက်စာလည်း ကိုယ်ပဲပြင်မယ်နော် "
"ဟုတ်ကဲ့ပါ အကိုရဲ့"
"သားလေး အွန်းလေး၊ ဖေကြီးပြောထားတယ်လေ အစားကို ကိုယ့်ဘာသာ စားရပါမယ်ဆို"
အကိုက သားနားထိုင်ကာပြောလိုက်တော့ သားကဝါးနေတဲ့ထမင်းလက်စနဲ့ပင်
"သား သားက တူကို ဟော့သလို ကိုင်လိုက်တာ။ တူကြီးက ပြုတ်ကျသွားလို့ ဖေဖေက ခွံ့ပေးတာ နော့ ဖေဖေ"
အငယ်ဆုံးလိုဖြစ်နေတော့ ဘတ်အွန်းလေးက တော်တော်များများ ကိုယ့်အားကိုယ် မကိုးချင်ဘူး။ အမြဲဖေဖေလုပ်ပေးနဲ့ ဖြစ်နေတာကို သူ့ဖေကြီးက မကြိုက်။ ချစ်တာကချစ်တာတစ်ပိုင်းတဲ့၊ ကိုယ့်အားကို ကိုယ်ကိုးစေချင်တယ် ဆိုတဲ့သူနဲ့ အမြဲကလေးလုပ်ချင်တဲ့သားနဲ့က တကယ့်ဒုက္ခ။ အခုလည်း သားကသူ့ဖေကြီးငေါက်မှာကြောက်ပြီး ပြောနေပြန်ပြီ။ မနက်ကအတင်းချွဲကပ်ပြီး ခွံ့ခိုင်းတာသူမဟုတ်တဲ့အတိုင်းပဲ။
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ