11 zaw
1.7K 172 20
"ဆူဟိုလေး အိုပါးကအမဲသားကင်လိုက်ကျွေးမယ်လေ ဆူဟိုလေး အိုပါးကရုပ်ရှင်လိုက်ပြမယ်လေ ဟာ လခွမ်းပဲ ချီးထုပ်ကောင်ဂျုံအင်"
"ဟားးဟားးဟားး "
"ဒါဆို အကိုဆူဟိုကနေ့လည်က သွားဒိတ်တာလား"
အိမ်ရှေ့ကွပ်ပျစ်မှာ ဝိုင်းထိုင်ကြရင်းအကိုဆူဟိုက မျက်နှာကိုရှုံ့ကာမဲ့ကာဖြင့်သူကြုံခဲ့တာကို ပြန်ပြောပြပြီးအနားကဘတ်ဟျွန်းတို့ ချုပ်ရိုးသီနေတဲ့အထည်တွေနဲ့ကောက်ပေါက်နေတာမို့ မနည်းတားယူနေရသလို အားလုံးကလည်း အရယ်မပြတ်ကြ။
"အေးဆို ဒီကောင်လေ ခွေးစုတ် ငါ့ကိုအသိ အလန်းလေးနဲ့မိတ်ဆက်ပေးမယ်ဆိုလို့ လိုက်သွားမိပါတယ် ဟိုကသွားတုတောင်ပြုတ်ပြုတ်ကျနေလို့ပြန်ကောက်တပ်နေရတဲ့ ဘ၀နဲ့ သူ့ကိုယ်သူအိုပါးတဲ့ အော့"
"ဟားဟားးးးအကိုဆူဟိုပဲ အသက်ကြီးတဲ့ထဲကဆို"
"မင်းကွာ ၃၊၄နှစ်ကြီးတဲ့ မမအရွယ်ပြောတာပေါ့ကွ ခုဟာက ၃၀လောက်ပိုကြီးမဲ့ပုံနဲ့ အိုပါးက အိုပါးက လာလုပ်နေတာ အားးးးကြက်သီးတွေခုထိထတုန်းပဲ"
အကိုဆူဟိုကပြောကာ တစ်ကိုယ်လုံးကိုကျုံ့လိုက်ပြီး ကြောက်ချမ်းချမ်းသလို တုန်ပြလိုက်တော့ အားလုံးက၀က်ဝက်ကွဲရယ်ပွဲဆင်ကြတော့သည်။
"အကိုဆူဟိုက ဒီငမဲကိုသွားယုံစားတာကို"
"ဟုတ်ပ ဆယ်ဟွန်းရယ်"
"ဟေးဟေးး မင်းနဲ့ဆိုင်လို့လား"
ဆယ်ဟွန်းက ရုပ်တည်နဲ့ ချုပ်ရိုးသီနေရင်းဝင်ပြောတော့ ဂျုံအင်ကလက်သီးရွယ်ပြကာခြောက်နေသည်။
"ကဲပါ တော်ကြပါတော့ ငါ့မှာဒီနေ့တနေကုန်စိတ်ကုန်သွားတာပဲ ဟင်းး ငါးမွှေထိုးငဂျုံအင်ကြောင့် ဟွန့်"
"စိတ်မဆိုးပါနဲ့ အကိုဆူဟိုကလည်းကျွန်တော်က ချစ်လို့စတာပါဗျ ခိခ်"
"မင်း ချစ်တာကြီးကလည်းကွာ"
"ဟီးးးတကယ်တော့အကိုဆူဟိုနဲ့ မိတ်ဆက်ပေးတာကလေ ကျွန်တော့်ကောင်မလေးရဲ့ ဦးလေး။ သူ့ဦးလေးကနောက်ကနေ တကောက်ကောက်နဲ့ချိန်းတွေ့တိုင်း ဝင်ရှုပ်နေလို့ ဟီးးးးအကိုဆူဟိုနဲ့ တွေ့ပေးလိုက်တာ ဘဲကြီးက အကြိုက်တွေ့ပုံပဲသွားကြီးကိုဖြီးလို့"