"ဟာ အကိုဘတ်ဟျွန်း နေနေ ကျွန်တော် ခပ်ပေးမယ် မကုန်းလိုက်နဲ့"
အိမ်ရှေ့က ရေဘုံဘိုင်လေးဆီကနေရေအနည်းငယ်ခံကာ မျက်နှာသစ်ဖို့လုပ်တော့ အိပ်ချင်မူးတူး အသံလေးနဲ့အော်ပြီး ပြေးလာတဲ့ ဆယ်ဟွန်း။
"လာ လာ အကိုဘတ်ဟျွန်း ဒီစင်လေးပေါ်တင်ပေးမယ် ကျွန်တော်"
ဘေးက ပန်းရုံလေးနားမှာ ဆောက်ထားတဲ့ ခပ်မြင့်မြင့်စင်လေးပေါ် ပြောပြောဆိုဆိုဖြင့်သာ ရေပုံးလေးနှင့်ခွက်ကိုယူကာ တင်ပေးသောကောင်လေးက ကိုယ်တိုင်လည်းခုမှနိုးလာတဲ့ပုံ။
"ကျေးဇူးပါ ဆယ်ဟွန်း ဂရုစိုက်ပေးလို့"
"နောက်နေ့တွေလည်း ကျွန်တော်က ညကတည်းက ဒီစင်လေးပေါ် အကိုဘတ်ဟျွန်း မျက်နှာသစ်ဖို့ရေခပ်ပြီး တင်ပေးထားမယ်နော် ကုန်းတာတွေသယ်တာတွေ မလုပ်နဲ့"
"ဟုတ်ပါပြီဗျာ"
"အာ အကိုဘတ်ဟျွန်း ရေချိုးမှာလားဒီနေ့"
"ဟမ် နံနေလို့လားဟင် "
သွားတိုက်တံလေးပေါ်သွားတိုက်ဆေးထည့်နေရင်း မေးလာသူကြောင့် ကိုယ့်အနံ့ကိုယ် ငုံ့ကာအနံ့ခံကြည့်မိသည်။
"မဟုတ်ပါဘူး ဟီးဟီး အကိုဘတ်ဟျွန်း ရေမချိုးခင် ကျွန်တော် ရေပိုက်ဆင်ပေးဖို့ ပြောပေးမလို့ ဒီတိုင်းဆို အဆင်မပြေလောက်ဘူး"
"အာ ကျေးဇူးပါ"
"ကျေးဇူးပဲ တင်မနေနဲ့ မြန်မြန်သစ်တော့ ကျွန်တော်လဲ မျက်နှာသစ်လိုက်ဦးမယ် ကျန်တဲ့အကိုတွေကမနက်စာပြင်နေလောက်ပြီ"
"ဟုတ်လား အားနာလိုက်တာ အကိုကအိပ်ပျော်သွားလို့"
"ရပါတယ် ဟ ဟိုကောင် မြန်မြန်လာသစ် နောက်ကျနေ မနက်စာပြောင်တော့မှာကွ"
ကိုယ့်ကိုပြောနေရင်းကနေ အိမ်ဝကိုကြည့်ကာ အော်လိုက်လို့ ကိုယ်ပါလိုက်ကြည့်မိတော့ ကလေးလို ၀က်ဝံညအိပ်ဝတ်စုံနဲ့အညိုရောင်အသားအရေရှိတဲ့ ကောင်လေးကနှေးတိနှေးတုံ့နဲ့မျက်လုံးကိုပွတ်ကာထွက်လာသည်။
"ဘောလိုအော်နေ မင့်အပူမပါဘူး "
"ဟ ဟ ငါက မနက်စာမစားရင် ပိုညိုသွားမှာစိုးလို့ပါ"
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ