"အဆင်ပြေရဲ့လား အကိုဘတ်ဟျွန်း"သမီးကိုချီကာ ဆေးရုံရဲ့ အထွေထွေအခန်းထဲကအထွက် ဂျူတီကုတ်ပင် မပါတော့ဘဲ လာရပ်စောင့်ပေးနေသော ဂယောင်ဆူးကိုပြုံးပြလိုက်ကာ
"ပြေတယ် ဂယောင်ဆူး ဒီဆရာမလေးကို သမီးကသဘောကျတယ်ထင်ပ အပ်ဝင်တာတောင်မငိုဘူး ဒါနဲ့ဂျူတီပြီးပြီလား"
"ဟုတ် ပြီးပြီ အကိုဘတ်ဟျွန်း ကလေးပေးလိုက်လေ ကျွန်တော့်ကို"
"အားနာစရာကြီး"
လက်ထဲကသမီးကိုလှမ်းပွေ့ကာ ပြောလာတာမို့
"အားမနာနဲ့အကိုဘတ်ဟျွန်းရေ ကျွန်တော်လည်းပါတယ် အခုသူ့ကိုအိမ်ပြန်ပို့မလို့"
"ကျေးဇူးပဲနော် ဂယောင်ဆူးနဲ့Tao"
"ပြောစရာ လိုလို့လား အကိုဘတ်ဟျွန်းရဲ့ ဒါဆိုသွားပြီနော်"
"အင်းအင်း အော် မေ့တော့မလို့ သမီးအိတ်လေး"
လက်မှာချိတ်ထားတဲ့သမီးရဲ့တိုလီမုတ်စ ပစ္စည်းတွေထည့်ထားတဲ့အိတ်ကိုဖြုတ်ကာပေးလိုက်သည်။
"ဟုတ် အကို ကောင်းကောင်းနေခဲ့ပါ"
"အင်း အကိုချန်းယောလ်ကို ပြောပေးဦး ဒီနေ့အကိုနောက်ကျမယ်လို့ကလေးမလေး လက်သည်းတွေကောညှပ်ပေးရမှာမို့"
"ဟုတ်အကို သမီးရေ တာ့တာလို့ဖေဖေ့ကို"
ဂယောင်ဆူးက မတ်မတ်လေးချီထားသော သမီးလက်ကလေးကို သူ့လက်နဲ့ထပ်ကိုင်ကာ ရမ်းပြီးနှုတ်ဆက်ပြလိုက်သည်။
"တာ့တာ သမီးရေ"
*********************
မီးမီးကို ချီကာ Taoနဲ့ဆေးရုံက ပါကင်ထိုးထားတဲ့ဆီ သွားနေတုန်းဖုန်းမြည်လာတာမို့ အိတ်ကပ်ထဲကဖုန်းကိုယူခိုင်းကာ နား နားကပ်ခိုင်းလိုက်ရသည်။
"ဟယ်လို ဟုတ်ကဲ့ ဂယောင်ဆူးပါ"
"......."
"ဗျာ အခုလား"
"........"
"ဟုတ် ခဏနေ လာခဲ့ပါ့မယ်ဗျ ကျွန်တော်လည်း ဂျူတီ ပြီးပါပြီ ဟုတ်ကဲ့"
"ဘယ်သူလဲ"
"အခုအကိုဘတ်ဟျွန်းပြုစုပေးနေတဲ့ကောင်မလေး ဦးလေးလေ လာတွေ့ပေးလို့ရမလားတဲ့"
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ