13 uni
2.4K 172 16
"အခုအချိန်ဟာဆိုရင်ဖြင့် မင်္ဂလာသတို့သား၂စုံတွဲ အနမ်းချင်းဖလှယ်ကြရမယ့် အချိန်ပဲဖြစ်ပါတယ်ခင်ဗျာ"
လွန်ခဲ့တဲ့ ၃ရက်လောက်ကတည်းကလက်ထပ်မှတ်ပုံတင်ကိစ္စတွေနဲ့အလုပ်ရှုပ်နေကာ ဒီနေ့အားလုံးပြီးစီးသွားတော့လည်း အကိုဆူဟိုကပဲဦးဆောင်ကာ ချန်းယောလ်ဆိုင်ကိုညနေပိုင်းပ်ိတ်လိုက်ပြီး ဘာတဲ့Small weddingဆိုလား ကျင်းပနေခြင်း လာတဲ့ဧည့်သည်ကလည်း သိပ်မများပါဘူးအကိုဆူဟိုနဲ့အငယ်၂ကောင်သာ အကိုဆူဟိုက မသိရင်သူ့ကိုယ်သူဘုန်းတော်ကြီးလိုလိုနဲ့ ကတိသစ္စာတွေဆိုခိုင်းကာ မင်္ဂလာပွဲကို ဦးဆောင်ပေးနေပြန်သည်။
"နမ်းလိုက်" "နမ်းလိုက်" "နမ်းလိုက်"
စားပွဲဝိုင်းမှာထိုင်ကာ ဇွန်း၊ ခက်ရင်းတွေကိုတချွင်ချွင်တီးခတ်ရင်းအငယ်၂ကောင်ကပါ ဆော်သြနေတာကြောင့် ၂တွဲလုံး ကိုယ်စီရှက်သွေးဖြာကာ အားလုံးကျေနပ်အောင် ခဏတာ သာသာဖွဖွလေးနမ်းရှိုက်လိုက်ကြသည်။
"ဒီနေ့ဒီချိန်ကစပြီး ချန်းနဲ့မင်ဆော့ ချန်းယောလ်နဲ့ဘတ်ဟျွန်း ချစ်သက်တမ်းကြာရှည်စွာနဲ့သက်ဆုံးတိုင်ပေါင်းဖက်ရပါစေဗျာ"
"ယေး~~~"
"ပေးတဲ့ဆုနဲ့ပြည့်ပါစေ အကိုဆူဟို"
"ဟုတ်ကဲ့ပါအကိုဆူဟို"
"ကလေးအယောက်၁၀၀တိုင်တိုင် မွေးကြစေသော် ယေး~~~"
အကိုဆူဟိုရဲ့ဆုတောင်းစကားကအကောင်း အငယ်၂ကောင်အော်လိုက်မှ ဘာပြန်ပြောလို့ပြောရမလဲမသိ လည်ချောင်းထဲမှာတင်နင်သွားရသည်။
"ကဲကဲ လာ လာ ကလေးတွေလာကြတော့ ညစာစားကြစို့။ အခုမင်္ဂလာညစာကတော့ချန်းယောလ်လက်ရာပင်လယ်စာ ချဉ်စပ်ဟင်းရည်နဲ့ အသားကင် ချန်းလက်ရာ မင်္ဂလာကိတ်တို့ကိုသုံဆောင်ရမှာဖြစ်ပါတယ်"
"ဖြောင်း~~ဖြောင်း~~~ဖြောင်း"
အားလုံးရဲ့မျက်နှာထက်ကအပြုံးကိုယ်စီက်ိုချိတ်ဆွဲထားကြသည်။ အားရပျော်ရွှင်စွာနဲ့တီးခတ်ကြသောလက်ခုပ်သံကလည်း တစ်ဆိုင်လုံးသာမက တစ်ရပ်ကွက်လုံးကိုပါလွှမ်းမိုးသွားသည်ပင် ထင်ရသည်။