"ဟာ ဘတ်ဟျွန်းတို့ကတော့ဟေ့ ကလေးတစ်ယောက်နဲ့ကို ဆိုင်လာပြန်ပြီ "
"ဟုတ်ပ အကိုချန်းယောလ်ကို စိတ်မချလို့လား ခိခ်ခိခ်"
အဆာပြေလှည်းနားကနေ ကလေးကိုချီကာ လာနေသောဘတ်ဟျွန်းကိုတွေ့တာနဲ့ အကိုချန်းနဲ့ဆယ်ဟွန်းတို့ကလှမ်းအော်လို့ စနေကြပြန်ပြီ။
"ဟာကွာ ညီကတော့ ဘာလို့လာတာလဲ အိမ်ထဲမှာပဲနေပါဆို"
အကိုကဆိုင်ထဲကနေ ဟင်းချက်ဇွန်းပြားကြီး တန်းလန်းနဲ့ထွက်လာကာပြောနေပြန်တာမို့
"အကိုကလည်း ပျင်းလို့ပါ ဆိုင်နဲ့အိမ်ကလည်း နီးနီးလေးကို"
"ကောင်းပါတယ် အကိုဘတ်ဟျွန်းလိုက်လာတာကောင်းပါတယ်"
"ဟုတ်တယ်ဟေ့ ဘတ်ဟျွန်းမလာရင်လေ နောက်နေ့တွေ ငါတို့အိမ်နဲ့ဆိုင်လှေနဲ့ကူးရလိမ့်မယ်။ ကလေးအဖေကြီးက ကဲကဲသဲသဲ ဆိုင်နဲ့အိမ် တစ်နေ့အခေါက်၁သောင်းလောက် ကူးနေတာ လက်ဖျားခါတယ်တကယ်"
"ဟားဟား~~~"
"အမလေး အကိုချန်းရော အကိုမင်ဆော့ကို အနားကတောင်မခွာခိုင်းဘဲနဲ့ မစာမနာ မပြောပါနဲ့။ အခုကသမီးကလည်း ၁လကျော်လေးရှိသေးတာ သူတို့သားအဖ၂ယောက်တည်း ကျွန်တော်ဘယ်လိုစိတ်ချနိုင်မလဲ"
အကိုက ဟင်းချက်ဇွန်းပြားကြီးကို ချကာ သမီးကိုပြောင်းချီလိုက်ရင်း အကိုချန်းကို ခွန်းတုန့်ပြန်နေလေသည်။ စိတ်ထဲကတော့ တသိမ့်သိမ့်နဲ့ကြည်နူးမိတာအမှန်ပင်။
"အကိုဆူဟိုနဲ့ အကိုမင်ဆော့ရော"
"ဆိုင်အတွက် လိုတာတွေသွားဝယ်ကြတယ်။ ဂျုံအင်ရော ပြန်လာပြီလား"
"မလာသေးဘူးဆယ်ဟွန်းလေးရဲ့ ဒီနေ့ကျောင်းမှာပွဲရှိတယ်ဆိုလားဘဲ"
"ဆရာမချောချောလေးတွေနဲ့ဆိုတော့ ဟားဟား"
"အကိုချန်းနော်"
"စတာပါကွာ စတာပါ"
အကိုချန်းစကားကြောင့် ဆယ်ဟွန်းမျက်နှာလေးညှိုးသွားရသည်။
"ပင်လယ်စာကြော်တစ်ပွဲ"
"ဟော စားသုံးသူလာနေပြီ ပေးပေးအကို သမီးကို"
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ