32 zaw
1.2K 137 0
"အကို ပန်းဝယ်သွားပါဦး"
"ဗျာ"
"အသားတွေ လတ်တယ်နော် မောင်လေး လာ လာ ပုစွန်ကောရှိတယ်"
တခါမှ မရောက်ဖြစ်တဲ့ ဈေးဆိုတဲ့နေရာကို ယောင်လည်လည်ရောက်လာခဲ့ရသည်။ ဆိုင်တိုင်းက ဟိုအော်ဒီအော်နဲ့ မသိရင် ကိုယ့်ကိုအတင်းခေါ်ရောင်းနေသလိုပင်။ မနက်ကတည်းက Taoဆီကနေ ဂယောင်ဆူး ဂယောင်ဆူးဆီကနေ ချန်းယောလ်ဆိုသူဆီကို ဖုန်းတဆင့်ပြီးတဆင့်ခေါ်ကာ ယုန်ပေါက်ရှိတဲ့နေရာကိုမေးရလို့ ကိုက်နေတဲ့ခေါင်းတောင် အခုဈေးထဲရောက်တော့ ပိုလို့တောင်မူးနောက်နောက် ဖြစ်လာသည်။
ပြောတော့ ဈေးအလယ်လောက်တဲ့ အခု လျှောက်လာတာလဲကြာလှပြီ မတွေ့သေး ဆို အထည်များစွာ ခင်းကျင်းထားတဲ့ ဆိုင်လေးရဲ့အလယ်မှာ ရှေ့ချလွယ်ထားတဲ့အိတ်ကလေးနဲ့ ရောင်းလိုက်ရတဲ့ငွေတွေထင်ပ ရေတွက်နေတာ တကယ့်ဈေးသည်ကြီးပဲ။
"ဆူဟို"
အနားသွားကာခေါ်မိတော့ အံ့သြသလိုလေး ကြည့်လာပြီးမှ ခပ်တည်တည် မျက်နှာပြန်ပြောင်းသွာသည်။
"ရီရှင်းပါလား ဘာလာလုပ်တာလဲ"
"ဟို ဆူဟိုနဲ့တွေ့ချင်လို့"
"ကျွန်တော်ကတော့ တွေ့စရာမရှိဘူးထင်တယ်"
ဆောင့်ဆောင့်အောင့်အောင့်နဲ့ပဲ  အ၀တ်တွေကို ဟိုဒီရွှေ့ကာ ပြောလာတာမို့ ရီရှင်း အရဲစွန့်ဖို့ ဆုံးဖြတ်လိုက်ရတော့သည်။
"ဟိုတခါက မြေကွက်ဝယ်ရင် ဆက်သွယ်မယ်ဆို ဆိုင်ခန်း"
"အာ မ၀ယ်တော့လို့ ပြန်လိုက်ပါ "
"၀ယ်လိုက်ပါလား ဆူဟိုရယ် အရမ်းဈေးချိုတာပါ"
"တော်ပြီဆိုဗျာ လာနော် လာ လာ ဒီနေ့ ကလေးဝတ်အဆန်းလေးတွေပါ  ပါတယ် အမျိုးသမီးဝတ်တွေ ဆိုဒ်စုံ ဆိုဒ်စုံ"
ကိုယ့်ဘက်လှည့်ပြီး မကြည်သလိုပြောကာ သူ့ဈေးသူ ဆက်ရောင်းနေတဲ့ကောင်လေး။ တကတည်းအသဲယားလာပြီ ကောက်ဖက်လိုက်ရ။
"၀ယ်ပါလို့ ကိုယ့်နှလုံးသာမြေကွက်ကိုဝယ်လိုက်ပါ"
မျက်စိစုံမှိတ်ပြီး အော်လိုက်တော့ ဈေးရောင်းနေတဲ့ သူ့အသံတိတ်သွားတာမို့ ပြန်ကြည့်လိုက်တော့ ကိုယ့်ကိုအဆန်းလုပ်ကာကြည့်နေသည်။