"လွန်ခဲ့တဲ့ ၁၁နှစ်၊ အရာရာတိုင်းက ပြီးပြည့်စုံပြီး ပျော်ရွှင်ဖို့ကောင်းခဲ့တယ်။ မောင်လေးတို့မိသားစုရော အန်တီတို့မိသားစုပါပေါ့။ တစ်ယောက်နဲ့တစ်ယောက်လည်း အရမ်းစည်းလုံးပြီးချစ်ခင်ခဲ့ကြတာ။ အဲ့ဒီကံဆိုးတဲ့ တစ်နေ့ကိုမရောက်ခင်ထိပေါ့။ မှတ်မှတ်ရရ သမီးရဲ့၎နှစ်ပြည့်တဲ့မွေးနေ့ တောင်ကုန်းတစ်ခုကို ခရီးထွက်ခဲ့ကြတယ်။ မောင်လေးက မွေးနေ့လက်ဆောင်အနေနဲ့ Mini carလေးဝယ်ပေးခဲ့တယ်လေ။ လူကြီးတွေက နေ့လယ်စာအတွက်ပြင်ဆင်၊ယာယီတဲထိုး လုပ်နေကြတုန်း သမီးက သူ့ညီမလေး၊ မောင်လေးရဲ့သမီး ဖြစ်သူနဲ့ ကားလေးပတ်မောင်းနေခဲ့တာ။ ဘယ်ကနေဘယ်လိုဖြစ်သွားလဲမသိပါဘူးကွယ်၊ သမီးလေးရော တူမလေးပါ ကားလေးနဲ့အရှိန်လွန်ပြီးတောင်စောင်းအောက်ကို ကျသွားခဲ့တယ်။ သမီးကကံကောင်းလို့ သစ်ပင်ပေါ်လေးမှာတင်နေခဲ့ပေမဲ့ ကံဆိုးလွန်းတဲ့တူမလေးက ပွဲချင်းပြီး ဆုံးပါးသွားရှာတယ်ကွယ်။ ငယ်ရွယ်တဲ့ကလေးတွေဖြစ်ခဲ့တဲ့ မတော်တဆမှုဆိုတော့ တရားစွဲလို့လဲမရခဲ့ဘူး။ ဒါကိုမောင်လေးက အန်တီတို့သမီးကိုတရားစွဲဆိုလို့မရတော့ သူ့ယောက်ဖ၊ သမီးအဖေကငွေနဲ့ဖိထားတယ်လို့ထင်ခဲ့တယ်။ အဲ့ဒီအတောအတွင်းကလည်း သူတို့လင်မယားကို စိတ်ရောဂါ အကြာကြီးကုသပေးခဲ့ရတယ်။ လွန်ခဲ့တဲ့၅နှစ်ကျော်က အခြေအနေပြန်ကောင်းပြီး၊ အရာအားလုံးကိုနားလည်လက်ခံပြီး မေ့မေ့ပျောက်ပျောက်ရှိခဲ့ပြီလို့ ထင်ထားခဲ့တာ။ ဖြစ်သွားတာတွေအတွက် အန်တီတောင်းပန်ပါတယ်ကွယ်"
"အဲ့တော့ ဒီကိစ္စတွေအားလုံး အန်တီတို့အတွင်းရေးကြောင့်ပေါ့လေ ဟုတ်လား"
ဘတ်ဟျွန်းရဲ့လက်ကလေးကိုကိုင်ကာ လူနာကုတင်နားက မခွာနိုင်တဲ့ချန်းယောလ်က ဆယ်ဟွန်းတို့ ကျန်တဲ့လူတွေနဲ့ ရဲအရာရှိတွေကိုပြောပြနေတဲ့ သူဌေးကတော်ကို လှမ်းမေးလိုက်တော့
"တောင်းပန်ပါတယ်ကွယ်။ အန်တီကိုယ်တိုင်လည်း အခုမှ သိခဲ့ရလို့ပါ။ သူ့စိတ်ထဲ အစွဲကြီးပြီး ဒီလိုတွေလျှောက်လုပ်နေတာကို"
"ဒါဆို အကိုဘတ်ဟျွန်း အမျိုးသားကရော"
တုန်လှုပ်နေတဲ့ဆယ်ဟွန်းကို ရင်ခွင်ထဲဖက်ထားလျက် ဂျုံအင်ကမေးလိုက်တော့
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ