"ဆရာတို့ အားလုံးတွေ့ရတာ ဝမ်းသာပါတယ်ဗျ။ ကျွန်တော်က လုဟန်ပါ။ ဒီနေ့မှ တရုတ်ကနေ အပြောင်းနဲ့လာတာပါ"
"ဟုတ် တွေ့ရတာဝမ်းသာပါတယ်"
"၀မ်းသာပါတယ် ဆရာလုဟန်။ ကျွန်တော်တို့ကျောင်းကို ဒီထက်မက တိုးတက်အောင်ဝိုင်းဝန်းပြီး ကြိုးစားကြတာပေါ့ဗျာ"
မနက်က ကျောင်းရောက်ရောက်ချင်းအတန်းချိန်ဝင်လိုက်ရတာနဲ့ပဲ ကောင်းကောင်းမနှုတ်ဆက်လိုက်ရတာမို့ နားနေချိန်မှပဲ လုပ်ဖော်ကိုင်ဖက်ဆရာတွေက်ို နှုတ်ဆက်ရတော့သည်။ အားလုံးကလည်း ဖော်ဖော်ရွေရွေရှိကြတာမို့ သိပ်နေရတာမခက်ပေ။
"ဆရာက တရုတ်ကို ကိုရီးယားစကားကောင်းကောင်းပြောတတ်တယ်နော်"
စိတ်ဝင်တစားမေးလာတဲ့ ဆရာမလေးကို ပြန်ပြုံးပြကာ
"ကျွန်တော် ကိုရီးယားမှာနေဖူးတယ်ဗျ အရင်က။ ဆိုးလ်ဂွန်ကိုယ်ပိုင်ကျောင်းမှာ စာသင်တာပါ။ အခုမှ အစိုးရကျောင်းကို အပြောင်းလျှောက်လိုက်တာ"
"ဝါး~~~ လေးစားပါတယ် ဆရာရေ။ တကယ့် ကျောင်းအကောင်းစားကြီးက ပြောင်းလာတာပဲ။ အဲ့ဒီကစည်းကမ်းတွေနဲ့ ဒီက ကလေးတွေကိုပိုတိုးတက်အောင်သွန်သင်ပေးပါဦးဗျာ"
"ဟုတ်ကဲ့ ကျွန်တော် တတ်စွမ်းသလောက် ကြိုးစားပါ့မယ်"
"ဆရာ ဆရာရေ ရန်ဖြစ်နေလို့ ဆရာ "
နားနေချိန်ကြီး အော်ကြီးဟစ်ကျယ် ပြေးဝင်လာတဲ့ ကျောင်းသားလေးကြောင့် ဆရာတွေပါ ရုတ်ရုတ်သဲသဲဖြစ်သွားရသည်။
"ဘယ်အခန်းကလဲ ရန်ဖြစ်တာ"
"ဟို ဟို မနက်က ဆရာအသစ်ဝင်တဲ့အခန်းကပါ"
"ဟေ ကလေးတွေကတော့ကွာ"
ပြောင်းပြောင်းချင်းနေ့ပဲ တကယ် စိတ်ရှုပ်သွားရသည်။ ကလေးတွေအတတ်ကောင်းတွေ အတော်တတ်နေကြတာပါလား။
သီးသန့်ခန်းထဲမှာ မျက်နှာချင်းဆိုင်ထိုင်နေတာပဲ ကြာပြီ အရှေ့က ကလေးမလေးက ဘာစကားတစ်ခွန်းမှ မထွက်လာ။
"ဘတ်ဝူ ဘာဖြစ်လို့ ဂျွန်ဆောင်ကိုခေါင်းပေါက်အောင်လုပ်လိုက်ရတာလဲ"
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ